DVB Logo
Home
အားကစား
ကစားသမား ၂  ဦး အထုတ်ခံရသည့် လီဗာကူဆင်အသင်း ဖရန့်ဖတ်ကို အနိုင်ရ
DVB
·
September 13, 2025
ကစားသမား ၂  ဦး အထုတ်ခံရသည့် လီဗာကူဆင်အသင်း ဖရန့်ဖတ်ကို အနိုင်ရ
Donate to DVB

ဒီနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ လီဗာကူဆင်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့  ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ အိမ်ရှင်လီဗာကူဆင်အသင်းက ပွဲချိန်အတွင်း ကစားသမား ၂ ယောက် အထုတ်ခံရပေမဲ့ ဖရန့်ဖတ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

လီဗာကူဆင်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၁၀ မိနစ်မှာ ဂရီနယ်ဒိုက သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ပက်ထရစ်ရှစ်ခ်က ပင်နယ်တီကနေ ဒုတိယဂိုး သွင်းယူပေးခဲ့တာပါ။

ဒုတိယပိုင်း ပွဲပြန်စပြီး ၅၂ မိနစ်မှာတော့ ဖရန့်ဖတ်အသင်း ချေပဂိုးတဂိုးရသွားခဲ့ပြီး သိပ်မကြာခင်ဖြစ်တဲ့ ပွဲကစားချိန် ၅၉ မိနစ်မှာ လီဗာကူဆင်အသင်း ကစားသမား အန်းဒရစ် အထုတ်ခံလိုက်ရပါတယ်။

ဒါကြောင့် ကျန်တဲ့ ပွဲကစားချိန်ကို လီဗာကူဆင်အသင်းက တယောက်လျှော့နဲ့ ကစားခဲ့ရသလို ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာလည်း လီဗာကူဆင်ကစားသမား ဖာနန်ဒက်ဇ် ထပ်အထုတ်ခံရတာကြောင့် လက်ကျန်မိနစ်တွေကို ၉ ယောက်နဲ့ ကစားခဲ့ရတာပါ။

ဒါပေမဲ့ ဖရန့်ဖတ်က ချေပဂိုးမရခဲ့ပဲ ၉ ယောက်ကျန် လီဗာကူဆင်အသင်းအတွက် ဂရီနယ်ဒိုက တဂိုးထပ်သွင်းခဲ့တာကြောင့် ပွဲပြီးချိန်မှာ လီဗာကူဆင်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013