DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး တောင်ကိုရီးယားအစိုးရက ကူညီရန် လက်မှတ် ၈၈၈၈ ခု ရေးထိုး တောင်းဆိုမည်
DVB
·
July 21, 2025
မြန်မာ့အရေး တောင်ကိုရီးယားအစိုးရက ကူညီရန် လက်မှတ် ၈၈၈၈ ခု ရေးထိုး တောင်းဆိုမည်
Donate to DVB

မြန်မာ့ဒီမိုကရေစီနဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ်ရှားမှု ကမ်ပိန်းကို ကိုရီးယားရောက်မြန်မာတွေက ဇူလိုင် ၁၆ ရက်က စတင်ခဲ့ပြီး လက်မှတ်ပေါင်း ၈၈၈၈ ခု ရရှိအောင် စုဆောင်းကာ တောင်ကိုရီးယား အစိုးရထံ ပေးပို့တောင်းဆိုသွားဖို့ ရှိနေပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သိရှိအောင် ရှင်းပြပြီး တောင်ကိုရီးယားအစိုးရ အနေနဲ့ မြန်မာ့အရေးအပေါ်မှာ အကူအညီပေးဖို့ တောင်းဆိုချက်တွေ ပါဝင်ကြောင်းကို မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

MFDMC အတွင်းရေးမှူး ကိုကျော်ဆန်းက “ကျနော်တို့ တောင်းဆိုတယ်ဆိုရင် အဖွဲ့အစည်း ၅ ခုလောက်ကပဲ တောင်းဆိုတာမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေက တောင်းဆိုပါတယ် ဆိုတာက သက်သေယူပြီး တောင်ကိုရီးယားအစိုးရကို ကျနော်တို့က တင်ပြမှာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ ကျနော်တို့တွေ ဘယ်လောက်ထိ စိတ်အားထက်သန်တယ်၊ တောင်ကိုရီးယားအစိုးရဲ့ အကူအညီကို ဘယ်လောက်မျှော်လင့်နေတယ် ဆိုတာတွေကို သိရှိစေဖို့ မြန်မာ့အရေးကို ဝန်းရံအားဖြည့်ပေးဖို့ ရည်ရွယ်ပြီးတော့ လာမယ့် ၈ လပိုင်း ၈ ရက်နေ့မှာ ကမ်ပိန်းကနေ လက်မှတ်ပေါင်း ၈၈၈၈ ခု စုဆောင်းနိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် (MFDMC) နဲ့ ကိုရီးယားမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ဦးဆောင်ကာ ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်မှတ်ထိုးလှုပ်ရှားမှုကို ဇူလိုင် ၁၆ ရက်ကနေ ဩဂုတ် ၆ ရက်အထိ ၃ ပတ်တာ ပြုလုပ်မှာ ဖြစ်ပါတယ်။

တောင်းဆိုစာမှာ အချက် ၈ ချက် ပါဝင်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျတဲ့ ထောက်ခံအားပေးမှုတွေ ဆောင်ရွက်ပေးဖို့၊ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွေ တွေ့ဆုံဆွေးနွေးရာမှာလည်း စစ်ကောင်စီအစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့သာ တွေ့ဆုံဆွေးနွေးဖို့ စတာတွေပါဝင်ပြီး လက်မှတ်တွေနဲ့အတူ သြဂုတ် ၈ ရက်နေ့ ဆိုးလ်မြို့ သမ္မတရုံးကို ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းလက်မှတ်ရေးထိုး ကမ်ပိန်းကို https://campaigns.do/campaigns/1624 မှာ ပါဝင် လက်မှတ်ရေးထိုးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013