DVB Logo
Home
မြန်မာသတင်း
လမ်းပိတ်ဆို့မှုကြောင့် ဖားကန့်တွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်
DVB
·
July 21, 2025
လမ်းပိတ်ဆို့မှုကြောင့် ဖားကန့်တွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ တလနီးပါးကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားပြီးနောက် အခြေခံစားသောက် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဇွန်လအလယ်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့လိုက်တာလို့ ဆိုပါတယ်။

လမ်းပိတ်ဆို့မှုကြောင့် ဖားကန့်မှာ အသားတိုးကြက်သား တပိဿာ ငွေကျပ် ၁၀၀,၀၀၀၊ ကြက်ဥတလုံး ငွေကျပ် ၁၂၀၀၊ စားအုန်းဆီ တပိဿာငွေကျပ်  ၄၀,၀၀၀ ကျော်နဲ့ ကွမ်းရွက် တပိဿာ ကျပ် ၁၂၀,၀၀၀ ကျော်အထိ ၃ ဆနီးပါး ဈေးမြင့်တက်သွားတယ်လို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။

“ဖားကန့်-မြစ်ကြီးနား လမ်းမကြီးကိုတောက်လျှောက် ပိတ်ထားတာဆိုတော့ ဈေးက ကြောက်စရာ ကောင်းလောက်အောင်ကို မြင့်တက်နေတာ။ စားသောက်ကုန်ပဲ အဓိကတက်တာပေါ့နော်။ အသားငါး ဈေးကြောင့် အနားကိုမကပ်ရဲဘူး။ အသီးအရွက်ဆိုလည်း သခွားသီးတလုံးကို ၃၀၀၀ တက်သွားတယ်။ အရင်  ၅၀၀ ဖိုး ၃ လုံးတန်က တက်သွားလိုက်တာ။ အခြေခံလူတန်းစားတွေတော့ တော်တော် ဒုက္ခရောက်ကုန်ပြီပေါ့ဗျာ။”

ဒါ့အပြင် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကတည်းက စက်သုံးဆီတွေ ပြတ်လပ်ကုန်တယ်လို့ ဆိုပါတယ်။

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တာကြောင့် ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာတဲ့အတွက် စစ်ကောင်စီတပ်အနေနဲ့ လမ်းပိတ်ဆို့မှုတွေကို အမြန်ဆုံး ဖြေလျှော့ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖားကန့်မြို့နယ်မှာ လမ်းပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ကြုံခဲ့ပေမဲ့ အခုနှစ်က အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013