DVB Logo
Home
နိုင်ငံတကာ
တိဘက်ဒေသတွင် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ကြီး တရုတ် ဆောက်လုပ်
DVB
·
July 21, 2025
တိဘက်ဒေသတွင် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ကြီး တရုတ် ဆောက်လုပ်
Donate to DVB

တိဘက်ကုန်းမြေမြင့် အရှေ့ဘက်စွန်းမှာ ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျမယ့် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ကြီးကို စတင်ဆောက်လုပ်ပြီလို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ကြေညာပါတယ်။

တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယာလုံဆန်ပို မြစ်အောက်ပိုင်းမှာ တည်ဆောက်မယ့် ဆည်ကြီးမှာ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံအထိ ခွဲထားမှာဖြစ်ပါတယ်။

မြစ်ရဲ့ အစိတ်အပိုင်းတနေရာဟာ ၃၁ မိုင်အတွင်း ၆,၅၆၁ ပေ နိမ့်ဆင်းတဲ့အတွက် ရေအားလျှပ်စစ် ထုတ်ယူလို့ အင်မတန်ကောင်းတဲ့နေရာအဖြစ် တရုတ်က ယူဆထားပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဆည်ကြီးဟာ တိဘက်ကုန်းမြေမြင့်ကို ထိခိုက်စေပြီး မြစ်အောက်ပိုင်းကလူ သန်းနဲ့ချီပြီး သက်မွေးမှုတွေ ထိခိုက်လာမယ်လို့ သတိပေးထားပါတယ်။

ယာလုံဆန်ပိုမြစ်ဟာ တိဘက်က တောင်ဘက်ကို ဆက်စီးဆင်းသွားတဲ့အခါ ဗြဟ္မပုတ္တရမြစ် ဖြစ်သွားပြီးတော့ အိန္ဒိယနိုင်ငံ အရူနာချယ် ပရာဒေ့ရှ်နဲ့ အာဆမ်ပြည်နယ်တွေထဲ စီးဝင်ပြီး နောက်ဆုံးမှာ ဘင်္ဂလားဒေ့ရှ်ထဲကို စီးဝင်တာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီဆည်ကြီးဟာ ယန်စီမြစ်ပေါ်မှာ တည်ဆောက်ခဲ့တဲ့ လျှိုစောက်သုံးခုဆည် (Three Gorges Dam) နောက်ပိုင်း ရည်မှန်းချက်အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ပြီးတော့ ၂၀၃၀ ပြည့်လွန်နှစ်တွေမှာ ပြီးစီးဖို့ မျှော်လင့်ထားပါတယ်။

တရုတ်အစိုးရကတော့ ဒီဆည်ကြီးကနေ နှစ်စဉ် လျှပ်စစ် ကီလိုဝပ် နာရီ ၃၀၀ ဘီလီယံ ထုတ်ပေးနိုင်မှာဖြစ်ပြီး တိဘက်ဒေသနဲ့ တရုတ်တပြည်လုံး ဓာတ်အားလိုအပ်ချက် ပြည့်မီအောင် ကူညီပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဆည်ကြောင့် မြစ်အောက်ပိုင်း ရေပေးဝေရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို အကြီးစားထိခိုက်မှု ရှိမှာမဟုတ်ဘူးလို့ပါ ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013