DVB Logo
Home
မြန်မာသတင်း
မရမ်းချောင် စစ်ဆေးရေးဂိတ် ဖျက်သိမ်းပြီး ညောင်ခါးရှည် စစ်ဆေးရေးစခန်း ဖွင့်လှစ်
DVB
·
July 21, 2025
မရမ်းချောင် စစ်ဆေးရေးဂိတ် ဖျက်သိမ်းပြီး ညောင်ခါးရှည် စစ်ဆေးရေးစခန်း ဖွင့်လှစ်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အမြဲတမ်းစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၉ ရက်ကစပြီး ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာမှာ ဇူလိုင် ၁၇ ရက်က X-ray အမြဲတမ်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်လိုက်တာကြောင့် အခုလို မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းလိုက်တာလို့ မရမ်းချောင်စစ်ဆေးရေးဂိတ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အဓိကကတော့ တော်လှန်ရေးအဖွဲ့တွေ မကြာခဏ လာတိုက်ခိုက်တာ ခံနေရတာရယ်၊ စစ်ဆေးရေးအဖွဲ့တွေရဲ့ လုံခြုံရေး ပိုပြီးစိတ်ချရအောင်ရယ်ဆိုပြီး အခုလို ပြောင်းရွှေ့တာပါ။ တရားမဝင် ကုန်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေကို အဓိကထား စစ်ဆေးသွားမှာပါ။”

ညောင်ခါးရှည်မှာ ပြောင်းလဲဖွင့်လှစ်လိုက်တဲ့ အမြဲတမ်းစစ်ဆေးရေးစခန်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ စစ်ကောင်စီ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။

မရမ်းချောင်းစစ်ဆေးရေးဂိတ် ဖျက်သိမ်းလိုက်ပေမဲ့ စစ်ကောင်စီအနေနဲ့ မော်လမြိုင်နဲ့ ကျိုက်ထိုအကြား ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ ၃ ရက်အတွင်း မြဝတီဘက်ကဆင်းလာတဲ့ ကုန်တင်ယာဉ် ၁၄၄ စီးနဲ့ ဘုရားသုံးဆူဘက်က ဆင်းလာတဲ့ ကုန်တင်ယာဉ် ၁၁ စီးတို့ကို အကောက်ခွန်မဲ့ပစ္စည်းတွေ တင်ဆောင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013