DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း၌ စစ်ကောင်စီတပ်သားအချို့ KNU ထံခိုလှုံ
DVB
·
July 21, 2025
တနင်္သာရီတိုင်း၌ စစ်ကောင်စီတပ်သားအချို့ KNU ထံခိုလှုံ
Donate to DVB

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်သားတချို့ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။

ဇူလိုင် ၂၀ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ထားဝယ်ခရိုင်အခြေစိုက် ခလရ ၂၆၇ နဲ့ ခလရ ၂၈၀ တပ်ရင်းမှ တပ်သား ၂ ယောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်  (KNLA) ၊ တပ်ရင်း (၁၀) ဆီ လက်နက်နဲ့ တကွ ထွက်ပြေးလာတာမှာ တယောက်က လမ်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက “၁၉ ရက်နေ့မှာ ထွက်ပြေးလာတာက တပ်သား ၂ ယောက်ပါ။ တယောက်က စကစတပ်သားတွေ လိုက်ပစ်လို့ သေသွားတယ်။ တယောက်က ကျနော်တို့ဆီ ရောက်လာတယ်။ လက်နက်တော့ မပါဘူး”လို့ ပြောပါတယ်။

ဇူလိုင် ၁၉ ရက်မှာလည်း မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ မှ စစ်ကောင်စီတပ်သား တယောက်  KNLA တပ်ရင်း (၁၁) ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU ကနေ သိရပါတယ်။

ထားဝယ်ခရိုင်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၇ နဲ့ ၂၈၀ တပ်ရင်းမှ ထွက်ပြေးတာတဲ့ တပ်သား ၂ ယောက်မှာ  MA 1 သေနတ် ၂ လက်နဲ့ ကျည်ဘောက်တချို့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နဲ့ ၁၃ ရက်မှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂  ယောက်  KNU တပ်မဟာ ၄ ဆီ ဘက်ပြောင်းခိုလှုံလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013