DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် “Harmony for Hope” မြန်မာငလျင်ရန်ပုံငွေပွဲ ထိုင်းဘတ် ၂ သောင်းခန့် ရရှိ
DVB
·
July 20, 2025
ချင်းမိုင် “Harmony for Hope” မြန်မာငလျင်ရန်ပုံငွေပွဲ ထိုင်းဘတ် ၂ သောင်းခန့် ရရှိ
1 / 12
Donate to DVB

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ် ခံစားခဲ့ရသူတွေကို ကူညီဖို့ ရန်ပုံငွေဂီတပွဲ "Harmony for Hope" ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Yoda’s CNX Gallery မှာ ဇူလိုင် ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီပွဲကို Turning Tables က ဦးစီးပြီး River Catchers, Food Not Bombs CNX, နဲ့ MERCU (Myanmar Emergency Response Coordination Unit) တို့နဲ့ ပူးပေါင်းကျင်းပခဲ့တာပါ။

“ဒီပွဲကနေ ရရှိတဲ့ အလှူငွေက ထိုင်းဘတ် ၁၈,၄၄၀ ရရှိခဲ့ပါတယ်။ ဒီငွေကို MERCU နဲ့ Butter Burma တို့ကို ခွဲဝေ လှူဒါန်းသွားမှာပါ" လို့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ နောက်ကောက်ကျနေတဲ့ လူငယ်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ဆောင်နေတဲ့ Turning Tables ရဲ့ စီစဉ်သူ ဖီးထယ်က ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ထိုင်းနဲ့ မြန်မာ အနုပညာရှင်တွေ ဖြစ်ကြတဲ့ Chayanan, Juice Free, Triple Edge FM, Paul Mushi, Born in Burma နဲ့ Dada Sun တို့က ဖျော်ဖြေခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013