DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တွင် ထိန်းသိမ်းရေးစခန်းကို ခုတင် ၁ တသိန်း အထိ တိုးချဲ့မည်
DVB
·
July 20, 2025
အမေရိကန်တွင် ထိန်းသိမ်းရေးစခန်းကို ခုတင် ၁ တသိန်း အထိ တိုးချဲ့မည်
Donate to DVB

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ကြပ်မတ်ရေးဌာန (ICE)ဟာ အခုနှစ်ကုန်ပိုင်းမှာ ခုတင် ၄ သောင်းကနေ‌ ၁ သိန်းအထိ ဝင်ဆံ့တဲ့ ထိန်းသိမ်းရေးစခန်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့  တည်ဆောက်ဖို့ အပြိုင်အဆိုင် လုပ်ဆောင်နေပါတယ်။ 

ICE ဟာ တက္ကဆက်၊ ကော်လိုရာဒို၊ အင်ဒီယားနားနဲ့ နယူးဂျာစီပြည်နယ်က စစ်အခြေစိုက်စခန်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနလက်အောက်ခံ  အကျဉ်းထောင်တွေမှာ ကြီးမားတဲ့ အဆောက်အအုံတွေကို ဦးစားပေးတည်ဆောက်နေတာပါ။ 

ပုဂ္ဂလိက အကျဉ်းထောင်ကုမ္ပဏီတွေထက်စာရင် ရီပတ်ဘလီကန်တွေ အနိုင်ရထားတဲ့ ပြည်နယ်တွေနဲ့ ဒေသန္တရအစိုးရတွေကချုပ်ကိုင်ထားတဲ့ ထိန်းသိမ်းရေးစခန်းတွေကို အမေရိကန်ပြည်တွင်းလုံခြုံရေးအရာရှိတွေက ဦးစားပေးထားပါတယ်။

ပြည်နယ်အများအပြားမှာ သူတို့ဟာ ထိန်းသိမ်းရေးစခန်းတွေ တည်ဆောက်ပုံအတွက် စံပြအဖြစ် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လုံခြုံရေးအမြင့်ဆုံး ထိန်းသိမ်းရေးစခန်းဖြစ်တဲ့ Alligator Alcatraz ရဲ့ တည်ဆောက်ပုံကို သုံးနေတယ်လို့ ပြည်တွင်းလုံခြုံရေးဝန်ကြီး နိုအမ်က ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေတည်ဆောက်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံပါတဲ့ ဘတ်ဂျက်ပြန်လည်ပေါင်းစည်းရေး ဥပဒေကြမ်းကို အခုလအစောပိုင်းမှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013