DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့၌ လူနေအိမ်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံနေရ
DVB
·
July 20, 2025
နောင်ချိုမြို့၌ လူနေအိမ်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံနေရ
Donate to DVB

စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ နောင်ချိုမြို့မှာ အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရပြီး အိမ်တွင်းပစ္စည်းတွေ ခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တနှစ်ဝန်းကျင်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို အာဏသိမ်း စစ်ကောင်စီတပ်က ၇ လနီးပါး တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇူလိုင် ၁၆ ရက်မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်က ပြန်သိမ်းနိုင်ခဲ့တဲ့ နောင်ချိုမြို့မှာ အရပ်သားနေအိမ်တွေ ဖောက်ထွင်းခံနေရပြီး အိမ်တွင်းပစ္စည်းတွေ ခိုးယူတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက နောင်ချိုမြို့ကို ၂၀၂၄ ဇွန်လပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တာပါ။ TNLA က နောင်ချိုမြို့ကို အုပ်ချုပ်နေစဉ်အချိန်ကလည်း စစ်ဘေးရှောင် အရပ်သားနေအိမ်တွေ ဖောင်ထွင်းခိုးယူခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်လို့ မြို့ခံတွေကဆိုပါတယ်။

နောင်ချိုက အရပ်သားနေအိမ်တွေ ဖောက်ထွင်းခံနေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကော TNLA ဘက်ကပါ ထုတ်ပြန်တာမရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးအတွင်း ဌာနေတိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲက လားရှိုးမြို့ပြီးရင် နောင်ချိုမြို့ဟာ နိုင်ငံရေး၊ စစ်ရေးအရ ပထမဆုံး လက်လွှတ်လိုက်ရတဲ့ မြို့ဖြစ် ပါတယ်။

လက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ အရပ်သားပြည်သူတချို့ ပြန်လည်ရောက်ရှိလာနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ နောင်ချိုမြို့မှာ စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013