DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုဖောက်ထွင်းမှုကြောင့် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံထိခိုက်
DVB
·
October 30, 2026
ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုဖောက်ထွင်းမှုကြောင့် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံထိခိုက်
Donate to DVB

ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေး အရောင်းအဝယ်ပလက်ဖောင်း Binance ဟာ အောက်တိုဘာ ၂၉ ရက်က ဆိုက်ဘာဖောက်ထွင်းခံရပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလျံတန်ဖိုးရှိ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေ ထိခိုက်ခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒါဟာ ခရစ်ပတိုငွေကြေးသမိုင်းမှာ အကြီးဆုံး ဖောက်ထွင်းမှုဖြစ်တယ်လို့ လုံခြုံရေး ကျွမ်းကျင်သူ တွေက သုံးသပ်ထားပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ Binance အင်ဂျင်နီယာတယောက်ရဲ့ လက်ပ်တော့ကို ဟက်ကာ တွေ ဖောက်ထွင်းပြီး ကုမ္ပဏီစနစ်ထဲ ဝင်ရောက်ခဲ့နိုင်ပါတယ်။ အဲဒီနောက် ခွင့်ပြုချက်မရှိဘဲ ခရစ်ပတို ငွေကြေးတွေ ထုတ်ယူခဲ့တာလို့ Binance က ပြောပါတယ်။ 

ထိခိုက်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေထဲက အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်ကို မိတ်ဖက်ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ လွှဲပြောင်းမရအောင် ပိတ်ထားနိုင်ခဲ့ပေမဲ့ ကျန်တဲ့ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

Binance ပူးတွဲအမှုဆောင်အရာရှိချုပ် ယီဟီကတော့ “ဖောက်ထွင်းမှုကြောင့် ဆုံးရှုံးမှုအားလုံးကို ကုမ္ပဏီက ကျခံပေးမယ်” လို့ ကတိပြုထားပါတယ်။

အသုံးပြုသူတွေရဲ့ ငွေကြေးတွေ လုံခြုံတယ်လို့လည်း Binance က ပြောပြီး ငွေသွင်း၊ ငွေထုတ်တာ တွေကို လုံခြုံရေးစစ်ဆေးဖို့ ယာယီရပ်ဆိုင်းထားပါတယ်။

အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ TRM Labs ကတော့ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယားနဲ့ ဆက်နွှယ်တဲ့ Trader Traitor ဟက်ကာအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ရပေမဲ့ Binance က အတည်မပြုသေးပါဘူး။

ဒီဖောက်ထွင်းမှုသတင်းကြောင့် ဘစ်ကွိုင်နဲ့ အီသာရီယမ်လို အဓိက ခရစ်ပတိုငွေကြေးဈေးနှုန်းတွေ ၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်က Bybit ခရစ်ပတိုကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဖောက်ထွင်း ခိုးယူခံခဲ့ရတဲ့ စံချိန်ကိုလည်း ဒီဖြစ်ရပ်က ကျော်လွန်သွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013