DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် အဘိုးအိုကို ရိုက်သတ်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ်လုသူ ၃ ဦး ဖမ်းမိ
DVB
·
July 20, 2025
နေပြည်တော်တွင် အဘိုးအိုကို ရိုက်သတ်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ်လုသူ ၃ ဦး ဖမ်းမိ
Donate to DVB

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနေလမ်းမှာ အသက် ၇၄ နှစ်အရွယ် အဘိုးအို တယောက်ကို ရိုက်သတ်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်လုသွားသူ ၃ ယောက်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက် မနက်က ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနေလမ်း အမှတ် ၁ မီးသတ်စခန်း အနောက်ဘက် တောတွင်းမှာ အသက် ၇၄ နှစ်အရွယ် ဦးလှဝင်းကို တုတ်နဲ့ရိုက်သတ်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ် လုသွားတဲ့ အမျိုးသား ၃ ယောက်ကို ရဲတွေက ဖမ်းမိပြီး စစ်ဆေးနေတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“သတ်ပြီးလုသွားတာ လေးကျွန်းမဏ္ဍိုင်ဘုန်းကြီးကျောင်းက ကပ္ပိယကြီး အတော်လည်း အသက်ကြီးနေပြီ။ ကိုင်တဲ့ဖုန်းက ဟိုတုန်းက vivo ဖုန်းအသေးလေး၊ အဲဒါကို ရိုက်သတ်ပြီး လုသွားတာ ပိုက်ဆံအိတ်ထဲမှာ ဘယ်လောက်ပါလဲတော့ မသိဘူး။ 

အခင်းဖြစ်တဲ့နေ့က ပြစ်မှုကျူးလွန်သူ အမျိုးသား ၃ ယောက် ဖုန်းဆက်စကားပြောနေတဲ့ ဦးလှဝင်းကို တွေ့ရှိပြီး ပိုက်ဆံအိတ်လွယ်ထားကိုပါ မြင်ရတဲ့အတွက် ၂ ယောက်က တုတ်နဲ့ရိုက်ပြီး ကျန်တယောက်က ဖုန်းနဲ့ပိုက်ဆံအိတ်လုခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“နေပြည်တော်မှာ ကျူးတွေရော၊ ပျံကျတွေရော၊ စစ်ရှောင်တွေရော အကုန်စုံနေတော့ ဖြစ်ချင်သလို ဖြစ်နေတာ။ လုယက်မှုတွေ ကြည့်လိုက်ရင် အသေပဲ။ ပြီးခဲ့တဲ့နှစ်က ဇဝနသိဒ္ဓိမှာ မိသားစု ၃ ယောက်ကို သတ်ပြီးလုသွားတဲ့သူတွေတော့ သေဒဏ်ပေးလိုက်ပြီ။” 

လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အမျိုးသား ၃ ယောက်ကို ဥတ္တသီရီမြို့နယ်ရဲစခန်းက ( ပ) ၆၉/၂၀၂၅ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်က ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် မြတ်လေးလမ်းမှာ မိသားစုသုံးဦးအား သတ်ဖြတ်ပြီး အိမ်စီးကားနဲ့ဖုန်းလုယက်ခဲ့သူ အမျိုးသား ၅ ယောက်ကိုတော့ အခုနှစ် ဧပြီလထဲမှာ ဥတ္တရသီရိခရိုင်တရားရုံးက သေဒဏ်နဲ့ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

အလားတူပင် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာမှာ အမျိုးသမီးတယောက်အား သတ်ဖြတ်လုယက်ခဲ့သူ ၃ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ ပျဉ်းမနားခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013