DVB Logo
Home
မြန်မာသတင်း
အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ ခေတ်အဆက်ဆက် အာဇာနည်များကို မမေ့ရန်လို
DVB
·
July 19, 2025
အာဇာနည်ခေါင်းဆောင်ကြီးများနှင့်အတူ ခေတ်အဆက်ဆက် အာဇာနည်များကို မမေ့ရန်လို
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး ၉  ဦး ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကို တနိုင်ငံလုံးက ပြည်သူတွေက လွမ်းဆွတ် သတိရရှိကြသလို ခေတ်အဆက်ဆက် တော်လှန်ရေး အဆက်ဆက်နဲ့ အခုလက်ရှိ နွေဦးတော်လှန်ရေးက အာဇာနည်သူရဲကောင်းတွေကိုလည်း အမှတ်ရနေဖို့နဲ့ ဂုဏ်ပြုမှတ်တမ်းတင်ထားဖို့လိုတယ်လို့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့  မြို့ပြတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 

အခုနှစ် ဇူလိုင် ၁၉ ရက်နေ့ဟာ ၇၈ နှစ်မြောက် အာဇာနည်နေ့ဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးကို နှစ်စဉ် ဦးညွှတ်ဂုဏ်ပြုရင်း လွမ်းဆွတ် သတိရကြတဲ့ နေ့လည်းဖြစ် ပါတယ်။

အခုနွေဦးတော်လှန်ရေးဖြစ်ပေါ်လာချိန်မှာတော့ အာဇာနည်တွေက ၉ ဦးမကဖြစ်ခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ဘဝနဲ့ အသက်တွေ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတိုင်းက အာဇာနည်တွေ ဖြစ်ကြပြီး ခေတ်အဆက်ဆက်က အာဇာနည်တွေကို အမှတ်ရရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိတို့ကို ဆက်လက်တိုက်ယူသွားမယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ဒုတိယစစ်ဦးစီးချုပ် မာဝီက ကတိပြုပါတယ်၊

မာဝီက” ဒီတိုင်းပြည်နဲ့ လူမျိုးတွေအတွက် လူထုတွေအတွက် အလုပ်လုပ်ပေးခဲ့တဲ့သူတွေ အားလုံးကို အသိအမှတ်ပြုပါတယ်။ အခုလက်ရှိအခြေအနေမှာလည်း အတူတူပဲပေါ့ ကျဆုံးသွားတဲ့၊ ပေးဆပ်သွားတဲ့ရဲဘော်တွေ အမြောက်အမြားရှိပါတယ်။ ဒီလိုမျိုးနေ့တွေအတွက် ကျနော်တို့ အမှတ်တရကတော့ ဒီလိုလူတွေ ရှိနေလို့ပဲ ပေးဆပ်မှုတွေ အလကားမဖြစ်ရလေအောင် ဆက်လက်ပြီး ကြိုးစားရမယ်ဆိုတဲ့ moral စိတ်ထက်သန်မှုက ကျနော်တို့မှာ အပြည့်ရှိပါတယ်။ ဆိုတော့ကျနော်တို့အတွက်က ဒီလိုမျိုးအမှတ်တရနေ့တွေဖြစ်လာလေ။ ကျနော်တို့ အလုပ်ပိုလုပ်ရမယ်၊ ပိုကြိုးစားရမယ်၊ ရှင်ကျန်နေတဲ့သူတွေက နားလို့မရဘူး၊ ရှေ့က လူတွေအတွက် အလုပ်ပိုလုပ်ရမယ်ဆိုတဲ့ဟာမျိုး မှတ်မှတ်ရရ ကျနော်တို့ရင်ထဲ နှလုံးသားထဲ ရှိတဲ့အရာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြင့်မြတ်စွာ ကျဆုံးသွားကြရတဲ့ကျနော်တို့ လူတွေအပေါ်မှာ အများကြီးတန်ဖိုးထားတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ကျနော်တို့ အများကြီး စာနာပါတယ်။ ကျနော်တို့ ဘယ်တော့မှ မမေ့ပစ်ပါဘူး”လို့  ပြောပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်ပုန်ကန်ကြတဲ့နေရာမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသလို မြို့ပြတွေမှာပဲ ဆက်လက်နေထိုင်ရင်း သပိတ်လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့ မြို့ပြတော်လှန်ရေးအင်အားစုတွေ လည်းပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အာဇာနည်တွေကိုလည်း အမှတ်တရ အထိမ်းအမှတ် ကျောက်တိုင်တွေနဲ့အတူ ဂုဏ်ပြုဖို့ကိုလည်း ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက အကြံပြုပါတယ်။

ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ဝင်တယောက်က “ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦးကို မမေ့မလျော့ကြသလိုဘဲ ခေတ်အဆက်ဆက် တော်လှန်ရေးအဆက်ဆက်မှာ မှတ်ကျောက်တင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးစုအာဇာနည်တွေနဲ့ အခု နွေဦးတော်လှန်ရေးမှာ မှတ်ကျောက်တင်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကို ပြည်သူလူထုနဲ့အတူ မြို့ပြသပိတ်အင်အားစုတွေနဲ့အတူ ကျနော်တို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်းက ဂုဏ်ပြုဦးညွတ် အပ်ပါတယ်ခင်ဗျာ။ ၉ ဦးမကတဲ့ အာဇာနည်တွေ အကြောင်း နောက်လာနောင်သားတွေ သိရှိစေဖို့ အထုပ္ပတ္တိတွေ၊ ကဗျာပြခန်းတွေအပြင် သင်ရိုးညွှန်းတမ်း တွေမှာပါ ထည့်သွင်းဖို့ လိုအပ်သလို ခေတ်နဲ့အညီ နည်းပညာတွေ၊ ဒေတာတွေ စုထားတာ ဝက်ဆိုက်ဘ်၊ လွှင့်တင်ထားတာမျိုးလည်း တချိန်မှာ ပြုလုပ်ဖို့အတွက်ကို အခုကတည်း အချက်အလက်တွေ စုစည်းထားဖို့ လိုအပ်လိမ့်မယ်”လို့ ပြောပါတယ်။

စစ်တပ် အာဏမသိမ်းခင်ကာလတွေတုန်းက လူထုဟာ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကားဟွန်းတီးသံတွေ၊ ဥသြသံတွေနဲ့ ဝမ်းနည်းမှု ထုတ်ဖော်ပြသရင်း  အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အထင်ကရနေရာတွေ သွားရောက်လေ့လာ ဂုဏ်ပြတာတွေပြုလုပ်ကြပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှောင်တိမ်းရင်း ကိုယ်ရှိနေတဲ့ အရပ်ဒေသတွေကနေပဲ လွမ်းဆွတ်သတိတရနဲ့ ဂုဏ်ပြုတာတွေ ပြုလုပ်နေကြပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013