DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်တွင် မိုးကြီးပြီး တရက်အတွင်း ၆၃ ဦး သေဆုံး၊ ၃၀၀ နီးပါးဒဏ်ရာရ
DVB
·
July 18, 2025
ပါကစ္စတန်တွင် မိုးကြီးပြီး တရက်အတွင်း ၆၃ ဦး သေဆုံး၊ ၃၀၀ နီးပါးဒဏ်ရာရ
Donate to DVB

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ဘ်ပြည်နယ်မှာ အားကောင်းလှတဲ့ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၆၃ ယောက်ထက်မနည်း သေဆုံးပြီး ၃၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။

ဇွန်လနှောင်းပိုင်းကတည်းက မိုးရွာသွန်းမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၁၅၉ ယောက်အထိ ရှိလာပြီလို့လည်း ဆိုပါတယ်။ ဒါဟာ အခုနှစ် မိုးရာသီရဲ့ အသေအပျောက် အများဆုံးနေ့တွေထဲက တခုဖြစ်ပါတယ်။

မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံကာ အဆောက်အအုံ ပြိုကျပြီးတော့ သေဆုံးမှု အများစုဟာ တောင့်တင်းခိုင်မာမှုမရှိတဲ့ နေအိမ်တွေရဲ့ ခေါင်မိုးတွေ ပြိုကျ ပြုတ်ကျတာတွေကြောင့် ဖြစ်ပါတယ်။

အရှေ့ပိုင်းပြည်နယ်မြို့တော် လာဟိုးရ်မှာ သေဆုံးသူ ၁၅ ယောက်၊ ဖိုင်ဆာလာဘတ်မှာ ၉ ယောက်နဲ့ လယ်ယာစိုက်ပျိုးရေးမြို့တွေဖြစ်တဲ့ အိုကရာ၊ ဆာဟီဝါလ်နဲ့ ပါခ်ပတ်တန် မြို့တွေမှာ သေဆုံးသူ အများအပြားရှိကြောင်း သိရပါတယ်။

ဇွန်လနှောင်းပိုင်းက စတင်ပြီး မုတ်သုံမိုး ရွာသွန်းမှုကြောင့် ပန်ဂျပ်ဘ်ပြည်နယ် တခုတည်းမှာပဲ လူ ၁၀၃ ယောက် သေဆုံးကာ ၃၉၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (PDMA) က ပြောကြားခဲ့ပါတယ်။ နေအိမ် ၁၂၀ ကျော် ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၆ ကောင်လည်း သေဆုံးခဲ့ပါတယ်။

ဇွန် ၂၅ ရက်က စတင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၁၅၉ ယောက်ထက်မနည်း ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) က ထုတ်ပြန်ခဲ့ပြီး နေအိမ် ၁,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းလည်း ဆိုပါတယ်။

မြောက်ပိုင်း မင်းဂလားမြို့ရှိ ဂျေးလမ်မြစ်မှာလည်း ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားပြီး ရေစီးဆင်းမှုဟာ ပမာဏမြင့်မားတဲ့အထိ တက်လာလိမ့်မယ်လို့လည်း မှန်းဆထားကြောင်း ပါကစ္စတန် မိုးလေဝသဌာနကနေ သိရပါတယ်‌။

နောက် ၂၄ နာရီအတွင်း အနီးနားရှိ ချောင်းတွေမှာ ရေတွေလျှံတက်လာနိုင်ပြီး အနီးနားရှိ ရပ်ရွာအသိုင်းအဝိုင်းတွေကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013