DVB Logo
Home
နိုင်ငံတကာ
လက်ဆွဲနှုတ်ဆက်ရတာများသဖြင့် ထရမ့်ပ် လက်ရောင်ရမ်းဟု အိမ်ဖြူတော် အတည်ပြု
DVB
·
July 18, 2025
လက်ဆွဲနှုတ်ဆက်ရတာများသဖြင့် ထရမ့်ပ် လက်ရောင်ရမ်းဟု အိမ်ဖြူတော် အတည်ပြု
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အက်စ်ပရင်ဆေးသောက်နေရချိန်မှာ မကြာခဏ လက်ဆွဲနှုတ်ဆက်ရတာကြောင့် တစ်သျှူးထိခိုက်ပြီး လက်ပွန်းပဲ့ ရောင်ရမ်းသလို ဖြစ်နေတာလို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ကယ်ရိုလိုင်း လဲဗစ်က အတည်ပြုပါတယ်။

ထရမ့်ပ်ရဲ့ လက် ပွန်းပဲ့ရောင်ရမ်းနေတဲ့ပုံတွေ ထွက်ပေါ်လာခဲ့အပြီးမှာ နာတာရှည် သွေးပြန်ရည် မလုံလောက်မှုလက္ခဏာ (CVI) အတွက် ကုသမှု ခံယူနေရတာဖြစ်တယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

ခြေထောက်ရောင်ရမ်းမှု ကြုံခဲ့ရအပြီးမှာ သွေးကြောစစ်ဆေးမှုတွေ အပါအဝင် ဆေးစစ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တယ်လို့ လဲဗစ်က ဆိုပါတယ်။

ဒါဟာ အသက် ၇၀ ကျော် အရွယ်တွေမှာ ပုံမှန်ဖြစ်တတ်တဲ့ လက္ခဏာဖြစ်ပြီး စစ်ဆေးမှုတွေအရ တခြားရောဂါ ကြီးကြီးမားမား မရှိဘူးလို့ အတည်ပြုပါတယ်။

“မကြာသေးခင်က သမ္မတ လက်ဖမိုးမှာ အသေးစား ပွန်းပဲ့ရောင်ရမ်းတဲ့ပုံတွေ တွေ့ရမှာပါ။ ဒါကလည်း  မကြာခဏ လက်ဆွဲနှုတ်ဆက်ရတာကြောင့် အသေးစား တစ်သျှူးရောင်တာနဲ့ ပုံမှန် နှလုံးသွေးကြော ကာကွယ်ကုသမှု တစိတ်တဒေသအနေနဲ့ သောက်သုံးရတဲ့ အက်စ်ပရင်သုံးစွဲမှုတွေနဲ့ ကိုက်ညီတဲ့ လက္ခဏာပါ။ ဒါဟာ အက်စ်ပရင်ကုထုံးရဲ့ အများသိပြီးဖြစ်တဲ့၊ ဒုက္ခမပေးနိုင်တဲ့ ဘေးထွက်သက်ရောက်မှုပါ။ သမ္မတဟာ ကျန်းမာရေး အင်မတန်ကောင်းနေပါတယ်” လို့ လဲဗစ်က ပြောခဲ့ပါတယ်။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟာ သူ့ကိုယ်သူ “သမ္မတတွေထဲမှာ အကျန်းမာဆုံး” လို့ ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။

ဇူလိုင် ၁၃ ရက်က နယူးဂျာဆီမှာ ကျင်းပတဲ့ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်လာတဲ့ ထရမ့်ပ်ရဲ့ ခြေထောက်ရောင်ရမ်းနေတာကို ဓာတ်ပုံဆရာတွေက သတိပြုမိခဲ့ပါတယ်။

ဒီတပတ် အစောပိုင်းမှာလည်း ထရမ့်ပ်နဲ့ ဘာရိန်းဝန်ကြီးချုပ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် ထရမ့်ပ် လက်ပွန်းနေသလို ဖြစ်နေတာကို ဓာတ်ပုံရိုက်ကူးမိခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းကလည်း ပြင်သစ်သမ္မတ မက်ခွန်းနဲ့ တွေ့ဆုံချိန် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာ လက်က ပွန်းပဲ့ရောင်ရမ်းနေသလိုမျိုး တွေ့ခဲ့ရပါတယ်။

ဒီလိုမျိုး ခြေထောက်ရောင်တာ၊ လက်ပွန်းတာမျိုးတွေကြောင့် အများသိမခံရဲတဲ့ ရောဂါတခုခု ကြိတ်ကုနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့အပြီးမှာ အိမ်ဖြူတော်က ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013