
လီဗာပူးနည်းပြဟောင်း ဂျာဂန်ကလော့ပ်ဟာ ဂျာမနီအမျိုးသားအသင်းကို စတင်ကိုင်တွယ်ချိန်မှာ ကစားသမားတွေအတွက် စည်းကမ်းသစ် ၄ ချက် ထုတ်ပြန်လိုက်ပါတယ်။
ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဂျာမနီနည်းပြအဖြစ် စတင် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကြာသပတေးနေ့မှာ နယ်သာလန်နဲ့ ကစားရမဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဂျာမနီ နည်းပြအဖြစ် ပထမဆုံး ပွဲထွက်လာမှာ ဖြစ်ပါတယ်။
ထုတ်ပြန်လိုက်တဲ့ စည်းကမ်းသစ်တွေထဲမှာ ကစားသမားတွေရဲ့ ဇနီးနဲ့ ချစ်သူတွေကို အသင်းစခန်းနဲ့ ဝေးဝေးနေဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပွဲမတိုင်ခင်ဆံပင်ညှပ်ဆရာတွေ ခေါ်ယူခွင့်ကိုလည်း လုံးဝ ပိတ်ပင်လိုက်တာပါ။ လီဗာပူးကနေ ထွက်ခွာအပြီး ပထမဆုံး နည်းပြအလုပ်ပြန်လုပ်တဲ့ ကလော့ပ် ဟာ အသင်းမှာ စည်းကမ်းထိန်းသိမ်းရေး စံချိန်စံညွှန်းသစ်တွေကို စတင်ကျင့်သုံးတာ ဖြစ်ပါတယ်။
Photo:Reuters











