DVB Logo
Home
မြန်မာသတင်း
စားနပ်ရိက္ခာဖြတ်ခံရတော့မည့် မြန်မာဒုက္ခသည် ၈၀,၀၀၀ ကျော်အရေး ထိုင်းလွှတ်တော်တွင် တင်ပြ 
DVB
·
July 17, 2025
စားနပ်ရိက္ခာဖြတ်ခံရတော့မည့် မြန်မာဒုက္ခသည် ၈၀,၀၀၀ ကျော်အရေး ထိုင်းလွှတ်တော်တွင် တင်ပြ 
Donate to DVB

အမေရိကန်နိုင်ငံကနေ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဟာ ဒီဇူလိုင်လကုန် နောက်ဆုံးဖြစ်ပြီး လာမယ့် ဩဂုတ်လကစ ဖြတ်တောက်ခံရတော့မှာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီ ခရိုင် ၄ ခုမှာ ဒုက္ခသည် စခန်းပေါင်း ၉ ခုမှာ ဒုက္ခသည်ဦးရေ ၈၁,၀၀၀ ကျော်ရှိပြီး လူသားချင်းစာနာမှု အကူအညီ ဖြတ်တောက်ခံရရင် သူတို့အတွက် စားဝတ်နေရေးပြဿနာတွေ ကြုံတွေ့လာနိုင်တာဖြစ်ပါတယ်။

အဲဒီပြဿနာတွေဟာ ထိုင်းပေါ်သက်ရောက်မှုရှိတယ်၊ ဒီအတွက် ထိုင်းအစိုးရအနေနဲ့ ဘယ်လိုပြင်ဆင်ထားမလဲ ဆိုတာကို Fare Party လွှတ်တော်အမတ် နိုင်းကန်ဝီ ဆိပ်ဆဲင်က ဇူလိုင် ၁၆ ရက် လွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်လိုက်ပါတယ်။

“လက်ရှိ ယာယီဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ပြည်ထဲရေးဝန်ကြီး ဖုမ်းထမ်း ဝေ့ချယချိုင်း ခင်ဗျာ၊   အမေရိကန်က အဖွဲ့အစည်းအသီးသီးကနေတဆင့် ဒုက္ခသည်တွေကို ၄၁ နှစ်ကြာ ထောက်ပံ့ ကူညီလာခဲ့တယ်၊ အဲဒီဒုက္ခသည်တွေ တချိန်ချိန်မှာ ထောက်ပံ့ကူညီမှုတွေ ဖြတ်တောက်ခံရမယ် ဆိုတာ အရင်ကလည်း ကျနော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ လာမယ့် ဩဂုတ် ၁ ရက်ကစပြီး ရန်ပုံငွေ အမှန်တကယ် အဖြတ်ခံရတော့မှာဖြစ်တယ်၊ ဒါဆိုရင် သူတို့ ဘယ်လိုနေ ဘယ်လို စားကြမလဲ၊ လူပေါင်း ၈၁,၀၀၀ ကျော်ရှိတယ်၊ သူတို့ရဲ့ အခက်အခဲဟာ ထိုင်းနိုင်ငံပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ၊ ကျန်းမာရေး၊ ဆေးဝါးကုသမှု၊ အလုပ်အကိုင် စတာတွေအတွက် ဘယ်လိုပြင်ဆင်မလဲဆိုတာ ဦးတည်မေးမြန်းလိုပါတယ်။”

ကျန်ထပူရီခရိုင်ထဲမှာ ကမ္ဘောဒီးယားအလုပ်သမား ၁၂,၀၀၀ ကျော် နေရပ်ပြန်သွားလို့ သစ်သီးဥယျာဉ်မှာ ဆွတ်ခူးမယ့် အလုပ်သမားတွေ ပြတ်လပ်နေပြီး အဲဒီက အလုပ်သမားတွေ နေရာမှာ ဒုက္ခသည်စခန်းကလူတွေနဲ့ အစားထိုးဖို့၊ လုပ်ထုံးလုပ်နည်းတွေကို နယ်စပ်ဆိုင်ရာ လုံခြုံရေးကောင်စီနဲ့ တိုင်ပင်ဆောင်ရွက်ဖို့ အကျပ်အတည်းတွေကို အင်အားအဖြစ် ပြောင်းလဲဖို့ အဆိုပြုတဲ့အကြောင်းလည်း  Fare Party လွှတ်တော်အမတ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013