DVB Logo
Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲကို အာဆီယံက မဟန့်တားဘဲ သွယ်ဝိုက်ထောက်ခံနေဟု NUG ပြော
DVB
·
July 17, 2025
အတုအယောင်ရွေးကောက်ပွဲကို အာဆီယံက မဟန့်တားဘဲ သွယ်ဝိုက်ထောက်ခံနေဟု NUG ပြော
Donate to DVB

အာဆီယံအနေနဲ့ စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သတိပေးတားမြစ်ခြင်းမပြုလုပ်တာ၊ မဆန့်ကျင်တာဟာ အာဏာသိမ်းစစ်ကောင်စီကို သွယ်ဝိုက်ကာကွယ်ပေးနေတဲ့ သဘော သက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပြောပါတယ်။

ဇူလိုင် ၉ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်တဲ့ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပူးတွဲကြေညာချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထည့်သွင်းထားမှုတွေကို ကြိုဆိုကြောင်းထုတ်ပြန်ရင်း အခုလိုထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခမြင့်တက်မှု၊ လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားလာမှုတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်ကြောင်းဖော်ပြထားပေမဲ့ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို တိကျစွာ ရှုတ်ချတာ ကျူးလွန်မှုတွေအပေါ် တာဝန်ယူစေတာတွေ မရှိခဲ့တာကိုတော့ စိတ်ပျက်ကြောင်း NUG က ဆိုပါတယ်။

အလားတူပဲ ကလေးငယ်နဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ အတုအယောင်ရွေးကောက်ပွဲကိုပြုလုပ်ရန် ကြံစည်နေမှုဟာ အာဆီယံသဘောတူညီချက်ကိုဆန့်ကျင်ကြောင်းထင်ရှားနေတယ်လို့ NUG ကထောက်ပြပါတယ်။

ဒါကြောင့်အာဆီယံအနေနဲ့ အခုလို တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို သတိပေးဟန့်တားမှု တစုံတရာမပြုလုပ်တာဟာ စစ်အုပ်စုကို သွယ်ဝိုက်ပြီးအကာအကွယ်ပေး နေတယ်လို့  NUG အနေနဲ့ရှုမြင်ကြောင်း ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး ရည်ရွယ်ချက်တွေကို နားလည်သဘောပေါက်ဖို့ အရေးကြီးကြောင်းနဲ့ စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေလုပ်ဖို့ကိုလည်း NUG ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ကြောင်း ရွေးကောက်ပွဲအစား ငြိမ်းချမ်းရေး ကတိကဝတ်တွေကို လိုက်နာဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ကြောင်း ဇူလိုင် ၁၁ ရက်မှာ  မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အချက် ၅ ချက် ပါ အာဆီယံ သဘောတူညီချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ထဲမှာ မြန်မာရွေးကောက်ပွဲကိစ္စ မပါဝင်ထားဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013