DVB Logo
Home
မြန်မာသတင်း
“What happened to the Wolf?” ရုပ်ရှင် နယူးယောက်တွင်ပြသ (ဓာတ်ပုံ) 
DVB
·
July 17, 2025
“What happened to the Wolf?” ရုပ်ရှင် နယူးယောက်တွင်ပြသ (ဓာတ်ပုံ) 
1 / 18
Donate to DVB

ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုနဲ့ အောင်မြင့်မြတ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “What happened to the Wolf?” ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Regal Union Square Theater မှာ ဒေသစံတော်ချိန် ဇူလိုင် ၁၆ ရက်၊ ညနေ  ၇ နာရီက ပြသခဲ့တာပါ။

လက်ရှိပွဲစဉ် အတွက် လက်မှတ်အားလုံးရောင်းကုန်ခဲ့ပြီး ပရိသတ်တွေ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပါတယ်။ ပရိတ်သတ်စိတ်ဝင်စားမှု အားကောင်းတာကြောင့် ဇူလိုင် ၃၀ ရက်မှာ ထပ်တိုးပွဲစဉ် ပြသဖို့အတွက် လက်မှတ်တွေ ဆက်လက်ရောင်းချနေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

What Happened to the Wolf?” ရုပ်ရှင်ဟာ “မီ”ရုပ်ရှင် အပြီး ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်ပါတယ်။ အာဏာသိမ်းမှုမတိုင်ခင်၂၀၂၀ မှာရိုက်ကူးပြီးစီးခဲ့ပြီး ပြည်တွင်းမှာ ရုံတင်ပြသဖို့အဆင်မပြေတော့တဲ့အတွက် နိုင်ငံတကာမှာ ပြသနိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

What happened to the wolf? ရုပ်ရှင်ကို ဇွန် ၂၉ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပွဲဦးထွက်ပြသခဲ့ပြီး ဝါရှင်တန်ပြည်နယ်၊ နယူးယောက်ပြည်နယ်၊ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ်တွေမှာလည်း ဆက်တိုက်ပြသသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013