DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်အသုံးပြုသည့် ဝေဟင်ဗုံးများထုတ်လုပ်ရေး တရုတ်က ကူညီပေးနေ 
DVB
·
July 16, 2025
စစ်ကောင်စီတပ်အသုံးပြုသည့် ဝေဟင်ဗုံးများထုတ်လုပ်ရေး တရုတ်က ကူညီပေးနေ 
Donate to DVB

အာဏာသိမ်း စစ်ကောင်စီတပ်တွေ အသုံးပြုနေတဲ့ DI-21 ဝေဟင်ဗုံးတွေ ထုတ်လုပ်ရာမှာ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း အစိတ်အပိုင်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ နည်းပညာတွေကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေက ပံ့ပိုးကူညီပေးနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က  ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

“သေမင်းတမန်စက်ရုံ-မြန်မာစစ်တပ်၏ လေကြောင်းဗုံးများ ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှု” အမည်နဲ့ ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ အသေးစိတ် ဖော်ပြထားတာပါ။

တရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီ China South Industries Group Corporation (China South) က သူတို့အပြည့်အဝပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲ Hunan Vanguard ကတဆင့် လေတပ်သုံးလက်နက်တွေကို အဓိကထား ထုတ်လုပ်တဲ့ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၁) အတွက် ဝေဟင်ဗုံးထုတ်လုပ်ရာမှာ လုပ်ငန်းလည်ပတ်နိုင်ရေး ကူညီပေးနေတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက “China South ဟာ နိုင်ငံပိုင်ကုမ္ပဏီတခုဖြစ်ပြီး ဒါက တရုတ်အစိုးရနဲ့ ဆက်စပ်နေတာကို အဖြေပေးပါတယ်။ ကပစ ၂၁ ကို ဝေဟင်ဗုံးတွေနဲ့ နည်းပညာထုတ်လုပ်မှု အကူအညီတွေ ပေးအပ်ခြင်းအားဖြင့် ကုမ္ပဏီအနေနဲ့ အရပ်သားတွေအပေါ် စစ်အုပ်စုရဲ့ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတာပါပဲ။ တရုတ်အနေနဲ့ မြန်မာ စစ်လက်နက် ထုတ်လုပ်ရေးအတွက် ပံ့ပိုးမှုအားလုံးကို ချက်ချင်း ရပ်တန့်ရပါမယ်” လို့ ပြောပါတယ်။

SAC-M အစီရင်ခံစာ တွေ့ရှိချက်တွေအရ ကပစ ၂၁ ဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုဖို့ အထူးရည်ရွယ်ချက်နဲ့ ပြည်တွင်းမှာ ဒီဇိုင်းထုတ်ထားတဲ့ ကီလိုဂရမ် ၂၅၀၊ ၅၀၀ အသီးသီး အလေးချိန်ရှိတဲ့ အစုလိုက်အပြုံလိုက် ဖျက်အားပြင်းဗုံးတွေ၊ တင့်ကားဖျက်ဗုံးတွေလို စစ်လက်နက်ပစ္စည်းတွေကို ၂၀၀၄ ခုနှစ်ကတည်းက ထုတ်လုပ်နေတာဖြစ်ကြောင်း မီးမောင်းထိုးပြထားသလို အဆိုပါဗုံးတွေကို စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ခုချိန်ထိ ဆက်လက်အသုံးပြုနေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ကနေ အခုနှစ် ဇွန်လကုန်အထိ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဖော်ပြထားပြီး အရပ်သား ပြည်သူ ၃,၂၄၂ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အများဆုံးဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဘာသာရေး အဆောက်အအုံ ၄၀၀ ကျော်၊ စာသင်ကျောင်း ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013