DVB Logo
Home
နိုင်ငံတကာ
ဟွန်ဆန်၏လက်ရုံး ကမ္ဘောဒီးယားသူဌေး၏ သားသမီး ၃ ဦးကို ထိုင်းရဲက ဖမ်းဝရမ်းထုတ်
DVB
·
July 16, 2025
ဟွန်ဆန်၏လက်ရုံး ကမ္ဘောဒီးယားသူဌေး၏ သားသမီး ၃ ဦးကို ထိုင်းရဲက ဖမ်းဝရမ်းထုတ်
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံအကြီးအကဲ ဟွန်ဆန်ရဲ့ လက်ရုံးတဆူဖြစ်တဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် သူဌေးကြီးကုတ်အန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး မကြာခင်မှာပဲ ကုတ်အန်ရဲ့ သားသမီး ၃ ယောက်ကို ထပ်ပြီးတော့ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ 

သားဖြစ်သူ နိုင်းကစ်သီဆဒ် (၄၉ နှစ်)၊  သမီးနှစ်ယောက်ဖြစ်တဲ့ ဖူးချလင်း (၄၆ နှစ်) နဲ့ ကျူရိ ခေါ် ချယ်ရီ (၄၂ နှစ်) တို့  ၃ ဦးလုံးကို ဖခင်နည်းတူ နိုင်ငံတကာရာဇဝတ်မှု ဆက်နွှယ်မှုနဲ့ ထိုင်းနိုင်ငံ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က တရားလိုပြုပြီး ဗဟိုတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာလို့ ဇူလိုင် ၁၅ ရက်ထုတ်  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။     

ဇူလိုင် ၁၅ ရက်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ထိုင်းနိုင်ငံမှာရှိတဲ့ ကုတ်အန်ရဲ့ သားသမီး ၃ ယောက် ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေ၊ ကုမ္ပဏီတွေကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြတယ်။ အဲဒီထဲမှာ ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် အလန်ယပထစ်မြို့ ဘန့်မိုင်နောင်ဆိုင်းရပ်ကွက်ရှိ ဇိမ်ခံအိမ်၊ တာဖရယားမြို့ တာဖရယားရပ်ကွက်ရှိ နေအိမ၊ ဘန်ကောက် ပရဝေ့နယ်မြေ နောင်ဘွမ်မြို့နယ်ရှိ နေအိမ်နဲ့  ကွန်ဒိုတိုက်ခန်း၊ ဘန်ကောက် ဘန်ဖလတ်နယ်မြေ ပရုမ်ရာ့ဗ်လမ်းရှိ စီစီဒီဗလော့မဲင့်ထ် ကုမ္ပဏီ၊ ဘန်ကောက် ယန်နာဝါနယ်မြေ ဆာထွဏ်းတိုက်လမ်းရှိ တိုက်အိမ် စတဲ့ နေရာပေါင်း ၇ နေရာကို စစ်ဆေးခဲ့တယ်၊ မီးခံသေတ္တာနဲ့  အိမ်ခြံမြေဂရန်တွေ သိမ်းဆည်းခဲ့တယ်။ သားသမီး ၃ ယောက်လုံးကိုတော့ မတွေ့ခဲ့ဘူး၊ အိမ်စောင့်တွေကတော့  သူတို့ဟာ နိုင်ငံခြားကို ခရီး ထွက်နေတယ်ပြောတယ်လို့ ဆိုပါတယ် ။ 

သားသမီး ၃ ဦးနဲ့ ဆက်နွှယ်ပြီး  ကမ္ဘောဒီးယားနိုင်ငံ ဘွိုင်းပက်မြို့ အထူးစီးပွါးရေးဇုန် ၂၅ ထပ်တိုက်မှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်တို့ကိုလည်း  ထိုင်းဗဟိုတရားရုံးက ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားသူဌေး ကုတ်အန် နဲ့ သားသမီးတွေဟာ ဘွိုင်းပက်စီးပွားရေးဇုန်က အထပ်မြင့်တိုက်ခန်းတွေရဲ့  ပိုင်ရှင်ဖြစ်ပြီး ကျားဖြန့်ဂိုဏ်းသားတွေဟာ အဆိုပါတိုက်ခန်းတွေမှာ ငှါးနေကာ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေ လုပ်နေတာဖြစ်တယ်၊ ဒါကြောင့် သူတို့ဟာ ကျားဖြန့်လုပ်ငန်း၊ ကာစီနို လောင်းကစား စတဲ့ ဒုစရိုက်လုပ်ငန်းမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး  ပါဝင်ပတ်သက်မှုရှိတယ်ဆိုကာ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားတာပါ။ 

ဒီမတိုင်ခင် ဇူလိုင်  ၈ ရက်ကလည်း ထိုင်းနိုင်ငံဆိုက်ဘာရဲတပ်ဖွဲ့ဝင်တွေဟာ ဘန်ကောက်၊ စမွတ်ပရကန်နဲ့ ချွန်းပူးရီးမှာရှိတဲ့ ကုတ်အန်ရဲ့ နေအိမ်တွေကို သွားရောက်စစ်ဆေးခဲ့ပြီး ဘတ်သန်းပေါင်း ၁၁၇၀ သန်းတန်ဖိုးရှိ မော်တော်ကားတွေ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ကြပါတယ်။ 

Source: matichon News / 3Plus News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013