DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို  ဘယ်လာရုစ်တက္ကသိုလ် ၃ ခုက  ကူညီနေ
DVB
·
July 16, 2025
စစ်ကောင်စီကို  ဘယ်လာရုစ်တက္ကသိုလ် ၃ ခုက  ကူညီနေ
Donate to DVB

စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်ဖို့ ဘယ်လာရုစ်တက္ကသိုလ် သုံးခုက ကူညီထောက်ပံ့ပေးနေတယ်လို့ Justice For Myanmar (JFM) က ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

Belarusian State University (BSU), Belarusian State University of Informatics & Radioelectronics (BSUIR) နဲ့ Belarusian State Technological University (BSTU) ဆိုတဲ့ တက္ကသိုလ် သုံးခုဟာ မြန်မာစစ်အုပ်စု အရာရှိတွေကို အဆင့်မြင့်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Belarusian State University (BSU) ကတော့ ရန်ကုန်တက္ကသိုလ်အပါအဝင် အခြားတက္ကသိုလ်တွေနဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး ကျောင်းသား ၁၀ ယောက်ကို လက်ခံထားကာ စစ်ဘက်ဆိုင်ရာဥပဒေ၊ ပထဝီတည်နေရာသတင်းအချက်အလက်ပညာနှင့် ဆက်စပ်ဘာသာရပ်တွေ အပါအဝင် ပညာရပ်အစီအစဉ်တွေကို BSU ရဲ့ စစ်ဘက်ဆိုင်ရာ ဌာနကြီးတွေမှာ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

Belarusian State University of Informatics & Radioelectronics (BSUIR) ကတော့ မြန်မာစစ်အုပ်စုကျောင်းသားတွေကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာတွေကို သုတေသနပြု လေ့လာဖို့ လက်ခံသင်ကြားပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒီကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကတော့ စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံတွေဖြစ်တဲ့ အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (နေပြည်တော်)၊ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (မကွေး) နဲ့ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်း (မန္တလေး) တို့က ကျောင်းသားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Belarusian State Technological University (BSTU) ဆိုရင်လည်း မြေပြင်စစ်လက်နက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် စစ်ဘက်လေ့ကျင့်ရေးဌာနတစ်ခု ဖွင့်လှစ်ပေးထားပြီး ဒီနှစ် မေလထဲမှာ BSTU ရဲ့ ကျောင်းအုပ်ကြီးဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပါအဝင် မကြာခင်က အဆင့်မြင့် စစ်ဘက်ပညာရပ်တွေ ပြီးမြောက်ထားတဲ့ မြန်မာကျောင်းသား ၃၄ ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒီ ဘယ်လာရုစ်တက္ကသိုလ် သုံးခုဟာ အခုလို ပညာရပ်ပိုင်းဆိုင်ရာတွေကို သင်ကြားပေးနေတာက စစ်အုပ်စုကို ဘွဲ့ဒီဂရီတွေ အပ်နှင်းပေးနေတဲ့အပြင် စစ်အုပ်စုရဲ့ လူသတ်မှုတွေ တိုးလာနိုင်အောင် အားပေးကူညီနေတာဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ပညာရပ်အသိုင်းအဝန်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ ဒီ ဘယ်လာရုစ်တက္ကသိုလ် သုံးခုကို သပိတ်မှောက်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ သူတို့ရဲ့ ကြံရာပါမှုတွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ကိုလည်း Justice For Myanmar က တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013