DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးတွင် တိုက်ပွဲပြင်းထန်ပြီး ပြည်သူများ ပိတ်မိနေ
DVB
·
July 15, 2025
အင်းတော်ကြီးတွင် တိုက်ပွဲပြင်းထန်ပြီး ပြည်သူများ ပိတ်မိနေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်ထဲက အင်းတော်ကြီးအိုင် အနောက်ခြမ်းကို စစ်ကောင်စီတပ်နဲ့  SNA လက်နက်ကိုင် ပူးပေါင်းတပ်တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် မိုင်းနောင်၊ မမုန်ကိုင် တကြောမှာ လွန်ခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ပြီး ဒေသခံတွေ ပိတ်မိနေကြတယ်လို့ မိုင်းညင်းမြို့နယ် အင်းတော်ကြီး IDG-PDF တပ်ဖွဲ့ကနေ သိရပါတယ်။

SNA နဲ့ စကစ ပူးပေါင်းတပ်တွေက နန့်မွန်းမြို့ဘက်ကနေ ထိုးစစ်ဆင်လာတာဖြစ်ပြီး ဇူလိုင် ၁၅ ရက်မှာ မမုန်ကိုင်ကျေးရွာကို ရောက်ရှိနေပြီလို့ အင်းတော်ကြီး IDG-PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

“လောလောဆယ်၊ မိုင်းနောင်တော့ ပေးလိုက်ရတယ်၊ မမုန်ကိုင်လည်း သိပ်မသေချာသေးဘူး။ ပွဲကတော့ လွန်ခဲ့တဲ့ ၃ ရက် ည ၂ နာရီလောက်က စဖြစ်တာ။ မမုန်ကိုင်လည်း ပေးလိုက်ရပြီလို့တော့ သိထားတယ်။”

မိုင်းနောင်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့နေတာကြောင့် မီးလောင်ကျွမ်းနေတဲ့နေရာ ၃ ခုထက်မနည်းကို အဝေးကနေ မြင်တွေ့နေရတယ်လို့လည်း ဒေသခံတွေကနေ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မိုင်းနောင်ရွာက ပြည်သူအများအပြားဟာ မမုန်ကိုင်မှာ သွားရောက်တိမ်းရှောင်နေကြတဲ့အချိန် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေ ရောက်ရှိလာပြီးတော့ ပြည်သူတွေကို မမုန်ကိုင်ကနေ ထွက်ခွင့်မပေးတာကြောင့် ပြည်သူအများအပြား မမုန်ကိုင်မှာ ပိတ်မိနေတယ်လို့ အင်းတော်ကြီး IDG-PDF တပ်ဖွဲ့တယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ မိုင်းနောင်က ရွာသားတွေက မမုန်ကိုင်မှာ သွားပြီးစုနေကြတာ။ အဲကနေ မထွက်ခိုင်းနေတော့ ဆီကုန်သည်တွေကော၊ ခရီးသွားတဲ့သူတွေကော၊ မိုင်းနောင်ရွာကော၊ မမုန်ကိုင်က ရွာသားတွေကော အားလုံးပိတ်မိနေတယ်။ တချို့တွေကိုဆို ဒူးထောက်ခိုင်းထားတာ တွေရှိတယ်၊ အဲကနေ မထွက်ခိုင်းဘူး။”

တိုက်ပွဲတွေ အတွင်းမှာ မိုင်းနောင်ကျေးရွာက ပြည်သူတွေ သေနတ်ကျည်ဆန် ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ သိရပါတယ်။

အင်းတော်ကြီးအိုင် အရှေ့ခြမ်းက နနွင်းကုန်း၊ ဟဲပု၊ ဟဲပါး ဘက်ကိုလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေ ရောက်ရှိနေပြီး နှစ်ဖက်စစ်ရေးဆိုင်ထားတဲ့ အခြေအနေဖြစ်တာကြောင့် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ် အများအပြားဟာ အင်းတော်ကြီး-ဖားကန့် လမ်းပိုင်းကနေ ဖားကန့်ကို စစ်အင်အားများအပြားနဲ့ ဝင်ရောက်ဖို့ ထိုးစစ်ဆင်လာတာဖြစ်သလို လုံးတုံနဲ့ နန်းမွန်မြို့ကြားက ကချင်လွတ်မြောက်ရေးတပ်မတော် တပ်စွဲထားတဲ့နေရာတွ်ကို ရှင်းတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013