DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ပုဂ္ဂလိကကျောင်းဆရာနှင့် မန်နေဂျာကိုသတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုယက်သူ ၂ ဦးကို ဖမ်းမိ
DVB
·
July 14, 2025
မြိတ်တွင် ပုဂ္ဂလိကကျောင်းဆရာနှင့် မန်နေဂျာကိုသတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုယက်သူ ၂ ဦးကို ဖမ်းမိ
Donate to DVB

မြိတ်မြို့မှာ ပုဂ္ဂလိကကျောင်းဆရာ နဲ့ တည်းခိုခန်း မန်နေဂျာကို သတ်ပြီး ဆိုင်ကယ်နဲ့ဖုန်း လုယက်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို ရဲတွေကဖမ်းမိပြီး ပုဒ်မ ၃၀၂ နဲ့ ကနဦးအမှုဖွင့်ကာ ကျန်လုယက်မှုတွေအတွက် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်က မြိတ်မြို၊ မြိတ်တောင်ရပ်ကွက်၊ ဇေယျာသီရိ ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ပုဂ္ဂလိကကျောင်းဆရာ ကိုသီဟဝင်း လုယက်သတ်ဖြတ်ခံရပြီးနောက် ဇူလိုင် ၉ ရက်က အပေါင်ဆိုင်တခုမှာ လုယက်သူတွေကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတယောက်က DVB  ကို ပြောပါတယ်။

“အပေါင်ဆိုင်မှာ ဆိုင်ကယ်သွားပေါင်တဲ့အချိန် ရပ်ကွက်က မသင်္ကာလို့ ရဲစခန်းဖုန်းဆက်လိုက်လို့ ရဲတွေမိသွားတာ။ ပြီးခဲ့တဲ့လက တည်းခိုခန်းမန်နေဂျာကိုလည်း အဲ့လိုပဲသတ်ပြီး ဆိုင်ကယ်နဲ့ ဖုန်းယူသွားတဲ့သူတွေလို့ ကြားတယ်။” 

ဖမ်းဆီးရမိသူ ၂ ယောက်မှာ စုမွန်နဲ့ဘုရားကိုင် ဆိုတဲ့ မြိတ်မြို့ခံလူငယ် ၂ ဦးဖြစ်ပြီး ဇွန် ၂၇ ရက်နေ့ညက လှသီရီ ၂ တည်းခိုးခန်း မန်နေဂျာ ကိုမြတ်ထွေးကို သတ်ပြီး ရွှေထည်ပစွည်းတွေ လုယူခဲ့သူတွေ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ပြောရရင် လူထုပါဝင်လာလို့ လုတဲ့ ၂ ယောက်ကိုမိတာ။ လုတဲ့အမှုတိုင်းလည်း ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်တာချည်းပဲ။ လှသီရီတည်းခိုခန်းက မန်နေဂျာကိုသတ်ပြီး ရွှေတွေလုသွားတဲ့ ကိစ္စလည်း ဝန်ခံထားတယ်။ ရဲဘက်က အခြားလုယက်မှုတွေအတွက် ထပ်စစ်နေတယ်။”

လတ်တလောမှာ မြိတ်မြို့မရဲစခန်းက ပြစ်မှုကျုးလွန်သူအမျိုးသား ၂ ယောက်ကို (ပ) အမှတ် ၁၅၈ /၂၀၂၅ ပုဒ်မ ၃၀၂ နဲ့ ကနဦးအမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ အခုနှစ် ဧပြီမှ ဇူလိုင်လအတွင်း လုယက်မှု ၁၃ ကြိမ်ဖြစ်ခဲ့ပြီး ၃ ကြိမ်မှာ အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013