DVB Logo
Home
မြန်မာသတင်း
KNU တပ်မဟာ ၄ ထံ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ဘက်ပြောင်းခိုလှုံ
DVB
·
July 14, 2025
KNU တပ်မဟာ ၄ ထံ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ဘက်ပြောင်းခိုလှုံ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ကောင်စီရဲ့ နတ်အိမ်တောင်နဲ့ အ‌မြောက်ကုန်း လှုပ်ရှားတပ်ခွဲက ဗိုလ်ကြီးတယောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ တပ်ရင်း ၁၀ ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU တပ်မဟာ ၄ က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘက်ပြောင်းခိုလှုံလာသူဟာ ဗိုလ်ကြီးဇော်ဇော်အောင် ဖြစ်ပြီး လောင်းလုံး ခလရ ၁၀၄ တပ်ရင်းမှ တပ်ခွဲမှူးဖြစ်ကာ စစ်တက္ကသိုလ် အပတ်စဥ် ၅၂ ကျောင်းဆင်းတယောက်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “သူက အရင်က ခိုလှုံလာခဲ့တဲ့ ဗိုလ်ကြီးမျိုးဆွေဦးနဲ့ ချိတ်ဆက်ပြီးတော့ ၁၃ ရက်နေ့မှာ ဝင်လာတယ်။ လက်နက်တော့မပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးဟာ KNU တပ်မဟာ ၄ ဆီ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။

အဲဒီဗိုလ်ကြီး ခိုလှုံလာပြီးနောက် ၇ ရက်အကြာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ သုခစခန်းကို မနက်ပိုင်းအတွင်းမှာ သိမ်းယူနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013