DVB Logo
Home
နိုင်ငံတကာ
ထောင်ဒဏ်ချမှတ်ခံထားရသည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ၁၂ ဦး အယူခံဝင်
DVB
·
July 14, 2025
ထောင်ဒဏ်ချမှတ်ခံထားရသည့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ၁၂ ဦး အယူခံဝင်
Donate to DVB

ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၂ ယောက်ဟာ သူတို့စွဲဆိုခံထားရတဲ့ အဖျက်အမှောင့်ဆိုင်ရာ ပြစ်ဒဏ်တွေနဲ့ ထောင်ဒဏ်တွေကို ဇူလိုင် ၁၄ ရက်မှာ အယူခံဝင်ခဲ့ပါတယ်။

ဒီအမှုဟာ တရုတ်ပြည်မကြီးအစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို ဆက်ဖြိုခွင်းခဲ့ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံရတဲ့ အမျိုးသားလုံခြုံရေးအမှုကို မီးမောင်းထိုးပြနေတာပါ။

၂၀၂၁ ခုနှစ် အစောပိုင်းမှာ အဖျက်အမှောင့်လုပ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တက်ကြွလှုပ်ရှားသူ အရေအတွက်အလိုက် နာမည်ပေးထားတဲ့ “ဒီမိုကရက်တစ် ၄၇ ယောက်” အမှုမှာ ပါသူတွေက အယူခံဝင်နေတာလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီလိုလားတဲ့ လူထုဆန္ဒပြပွဲကြောင့် ဟောင်ကောင်တမြို့လုံး လုပ်ငန်းတွေ ရပ်သွားအပြီး ၂၀၂၀ ဇူလိုင်မှာ တရားမဝင် ရွေးကောက်ပွဲ ကျင်းပရေး စီစဉ်မှုအတွက် ခုခံလျှောက်လဲသူ ၄၅ ယောက်မှာ အပြစ်ရှိတယ်လို့ တရားရုံးက နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ ဟောင်ကောင်အစိုးရကို လှိုက်စားစေဖို့ အကွက်ချတဲ့လုပ်ရပ်အဖြစ် အစိုးရရှေ့နေတွေက ယူဆကြပါတယ်။

တနင်္လာနေ့မနက်က ကောင်းလွန်းအနောက်ပိုင်းခရိုင်တရားရုံး အဆောက်အအုံ အပြင်ဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ထူထူထပ်ထပ်ချထားပြီး အကျဉ်းထောင်ထဲကနေ တရားခံတွေကို တင်ဆောင်လာတဲ့ ဗင်ကားတွေ တရားရုံးတွေဆီကို ရောက်လာခဲ့ပါတယ်။

အယူခံတရားရုံးက တရားလွှတ်တော် တရားသူကြီးချုပ် ဂျေရေမီဖန်း၊ အယူခံတရားသူကြီး ဒဲရက်ခ်ဖန်းနဲ့ အန်သီယာဖန်း တို့နဲ့အတူ ကြားနာဖို့ အချိန် ၁၀ ရက် ခွဲဝေပေးထားပါတယ်။

တရားသူကြီး ၃ ယောက်စလုံးဟာ ဟောင်ကောင်ရဲ့ အမှုဆောင်ချုပ်က ခန့်အပ်ထားတဲ့ အမျိုးသားလုံခြုံရေး တရားသူကြီးအဖွဲ့ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013