DVB Logo
Home
မြန်မာသတင်း
အိန္ဒိယစစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ULFA သူပုန်ခေါင်းဆောင် ၃ ဦး သေဆုံး
DVB
·
July 14, 2025
အိန္ဒိယစစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ULFA သူပုန်ခေါင်းဆောင် ၃ ဦး သေဆုံး
Donate to DVB

အိန္ဒိယစစ်တပ်ရဲ့ နယ်စပ်ဖြတ်ကျော်ဒရုန်းတိုက်ခိုက်မှုကြောင့် အာသံလွတ်မြောက်ရေး တပ်ပေါင်းစု (ULFA) ခေါင်းဆောင် ၃ ယောက် သေဆုံးခဲ့တဲ့အကြောင်း The Defense Post သတင်း တပုဒ်မှာ ဇူလိုင် ၁၃ ရက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံ နယ်စပ်အနီး ခုလို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ULFA ရဲ့ ထိပ်တန်း တပ်မှူး တယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ခွဲထွက်ရေးအဖွဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားသလို နောက်ဆက်တွဲ တိုက်ခိုက်မှုတွေမှာ နောက်ထပ် အကြီးတန်း တပ်မှူး ၂ ယောက် သေဆုံးခဲ့ပြီး တခြား တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ အာဏာပိုင်တွေဘက်ကတော့ အဆိုပါ တိုက်ခိုက်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Naga News မှာတော့ နန်းယွန်းမြို့နယ်၊ နာယန်းကျေးရွာ အနီးက ULFA စခန်းကို အိန္ဒိယစစ်တပ်က ဇူလိုင် ၁၃ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ ဒရုန်းနဲ့ အမြောက်လက်နက်တွေ အသုံးပြုကာ အချိန် ၂ နာရီကြာ တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၄၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုတိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာတွေမှာ မြေပြင်ထိုးစစ် မရှိကြောင်းနဲ့ အိန္ဒိယစစ်တပ်ဘက်က စတင်ပြီး အငိုက်ဖမ်းကာ ဒရုန်း၊ အမြောက်လက်နက်တွေနဲ့ အသုံးပြုတိုက်ခိုက်နေတာဖြစ်သလို နာယန်းကျေးရွာအနီး တိုက်ခိုက်ခံရမှုမှာ ကြိုတင်သတင်းရလို့ ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး အသေအပျောက် မရှိပေမဲ့ လဟယ်မြို့နယ်၊ ဟိုယတ်ကျေးရွာအနီး အတိုက်ခိုက်ခံရမှုမှာတော့ သေဆုံးမှုရှိတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။ 

Source:  The Defense Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013