DVB Logo
Home
နိုင်ငံတကာ
ဆိုရှယ်မီဒီယာပလက်ဖောင်း X ကို ပြင်သစ်ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး
DVB
·
July 14, 2025
ဆိုရှယ်မီဒီယာပလက်ဖောင်း X ကို ပြင်သစ်ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး
Donate to DVB

ဆိုရှယ်မီဒီယာပလက်ဖောင်း X ကို ပြင်သစ်ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပဲရစ်မြို့တော်က အစိုးရရှေ့နေရုံးက ဇူလိုင် ၁၁  ရက်မှာ ကြေညာခဲ့ပါတယ်။

ဒီအဆင့်မှာ X ကို ပြစ်မှု ၂ ခုအတွက် အဓိကစွပ်စွဲထားပါတယ်။ ဖွဲ့စည်းထားတဲ့အုပ်စုက အလိုအလျောက် ဒေတာ စီမံဆောင်ရွက်ပေးတဲ့စနစ်ရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေတယ်ဆိုတဲ့ အချက်နဲ့ အလိုအလျောက် ဒေတာထုတ်ယူခြင်းစနစ်ကနေ ဒေတာကို လိမ်လည်ထုတ်ယူတယ်ဆိုတဲ့ အချက်တွေအတွက် အဓိက စွပ်စွဲထားတယ်လို့ ပါရီအစိုးရရှေ့နေ လော်ရာ ဘက်ကျူအာက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးဖို့ အမျိုးသားလက်နက်ကိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် DGGN ကို တာဝန်ပေးအပ်ထားတယ်လို့လည်း ဘက်ဂျူအာက ပြောပါတယ်။

ဇန်နဝါရီလမှာ ပြင်သစ်လွှတ်တော် အဖွဲ့ဝင်တယောက်နဲ့ ပြင်သစ်အစိုးရအဖွဲ့အစည်းတခုက အကြီးတန်း အရာရှိတယောက်တို့က အသီးသီး တင်သွင်းခဲ့တဲ့ ပြင်သစ်အစိုးရရှေ့နေရုံးက ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက် ၂ ခုကို လက်ခံရရှိခဲ့တယ်လို့ ဘက်ကျူအာက ပြောပါတယ်။

X ရဲ့ လုပ်ထုံးလုပ်နည်းစနစ်က နိုင်ငံခြားကနေ ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်အတွက် အသုံးချတယ်လို့ သူတို့ ၂ ယောက်လုံးက စွပ်စွဲ တိုင်ကြားထားပါတယ်။

ပြင်သစ်နိုင်ငံက သုတေသီတွေက ဖြည့်သွင်းပေးတဲ့ အချက်အလက်တွေနဲ့ အစိုးရအဖွဲ့အစည်း အသီးသီးကနေ ပေးဆောင်တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ခဲ့တယ်လို့ ပါရီအစိုးရရှေ့နေရုံးက အတည်ပြုခဲ့ပါတယ်။

ပြင်သစ်အခြေစိုက် X လူမှုကွန်ရက် မီဒီယာရဲ့ CEO ဖြစ်သူ လူဟုန် ဘွမ်နေခ်က X ဟာ ပလက်ဖောင်းပေါ်မှာ “အမုန်းစကားတွေကနေ ကာကွယ်ဖို့ တင်းကျပ်တဲ့၊ ရှင်းလင်းတဲ့ အများနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေ ရှိတယ်” လို့ သူက ပြောပါတယ်။

X ဟာ မမှန်မကန်သတင်းတွေကို တိုက်ဖျက်ပြီး အယ်လ်ဂိုရီသမ်ဟာ မုန်းစရာ အကြောင်းအရာတွေကို အကြံပြုခြင်းကနေ ရှောင်ဖို့ ဒီဇိုင်းထုတ်ထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုဟာ ပြင်သစ်ရာဇသတ်ကြီးဥပဒေအရ ကြီးလေးတဲ့ ဆိုက်ဘာရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားတဲ့ ပြစ်မှု ၂ ခုကို အာရုံစိုက်ထားပြီး တခုစီဟာ အများဆုံး ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ယူရို ၃၀၀,၀၀၀ ပေးဆောင်ရနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013