DVB Logo
Home
နိုင်ငံတကာ
အာဏာသိမ်းဗိုလ်ချုပ်ကြီး ပရာယုဒ် ထိုင်းဝန်ကြီးချုပ်နေရာ ရေပန်းအစားဆုံးဖြစ်
DVB
·
July 14, 2025
အာဏာသိမ်းဗိုလ်ချုပ်ကြီး ပရာယုဒ် ထိုင်းဝန်ကြီးချုပ်နေရာ ရေပန်းအစားဆုံးဖြစ်
Donate to DVB

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ချန်အိုချာဟာ ထိုင်း ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခံထားရသူတွေထဲမှာ  ဖဲထောင်ထန်းရှင်နာဝပ်နေရာကို အစားထိုးဖို့ အသင့်တော်ဆုံးပုဂ္ဂိုလ် ဖြစ်တယ်လို့ စစ်တမ်းတခုက ဖော်ပြပါတယ်။

National Institute of Development Administration (Nida) က ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ နိုင်ငံတဝန်း လူ ၁၃၁၀ ယောက်ထံကနေ ကောက်ယူတဲ့ စစ်တမ်းဖြစ်ပါတယ်။ 

Move Forward ပါတီ တဖြစ်လဲ People ပါတီဟာ ရွေးကောက်ပွဲ ဝင်ကတည်းက ဝန်ကြီးချုပ်လောင်းအဖြစ် ဖိထား လိမ့်ကျာရွန်းရတ် တယောက်တည်းကိုသာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အတိုက်အခံနဲ့ People Party ခေါင်းဆောင် နာသာပေါင် ရူအန်ပန်ယာဝတ် ဟာ လက်ရှိလွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် အရွေးခံခွင့်မရှိဘဲ နောက်တကြိမ် ရွေးကောက်ပွဲမှသာ မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။

စစ်တမ်းအရ ဝန်ကြီးချုပ်  ရာထူးကဆိုင်းငံ့ခံထားရတဲ့ ဖဲထောင်ထန်းရှင်နာဝပ်ဟာ ရာထူးက အပြီးတိုင် နုတ်ထွက်သင့်တယ်လို့ ယူဆသူ ၄၂ ရာခိုင်နှုန်း ၊ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲ လုပ်သင့်တယ်လို့ ယူဆသူ ၃၉ ရာခိုင်နှုန်းကျော် ရှိတယ်လို့ဆိုပါတယ်။

အာဏာသိမ်းသင့်တယ်လို့ ဖြေဆိုသူကတော့ ၀ ဒသမ ၉၉ ရာခိုင်နှုန်းရှိပါတယ်။ ၁၅ ရာခိုင်နှုန်းကတော့ ဖဲထောင်ထန်း တိုင်းပြည်ကိုဆက်လက်ဦးဆောင်စေသင့်တယ်လို့ ဖြေကြားခဲ့ကြပါတယ်။

တကယ်လို့ ဝန်ကြီးချုပ် နုတ်ထွက်ပေးရတဲ့ အဆင့်မှာပဲ အဆုံးသတ်ရင် ဘယ်သူနဲ့ အစားထိုးမလဲဆိုတဲ့ မေးခွန်းမှာ ၂၀၂၃ ရွေးကောက်ပွဲကာလကတည်းက ပါတီတွေက အမည်စာရင်းသွင်းထားတဲ့ ဝန်ကြီးချုပ်လောင်းတွေထဲကပဲ ရွေးခွင့်ရှိတာဖြစ်ပါတယ်။

ဒါကြောင့် People Party ခေါင်းဆောင်မပါဝင်တဲ့ ဒီစာရင်းမှာ အာဏာသိမ်းခေါင်းဆောင် ပရာယုဒ်က ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းနဲ့ ထောက်ခံမှု အများဆုံးရှိနေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယုဒ်ဟာ လက်ရှိမှာ ဘုရင့်အကြံပေးအဖွဲ့ဖြစ်တဲ့ ပရိုင်ဗီကောင်စီဝင်ဖြစ်သလို ယူနိုက်တက်ထိုင်းနေးရှင်းပါတီ (UTN) က အမည်စာရင်းတင်သွင်းထားတဲ့ ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

လက်ရှိ အမည်စာရင်းသွင်းထားသူတွေထဲမှာ သင့်တော်တဲ့သူမရှိဘူးလို့ ဖြေဆိုသူက ၂၇ ဒသမ ၉၄ ရာခိုင်နှုန်းတောင် ရှိခဲ့ပါတယ်။

၁၁ ဒသမ ၅၃ ရာခိုင်နှုန်းကတော့ ဘွမ်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ်ကို ရွေးချယ်ခဲ့ပြီး ၁၀ ဒသမ ၉၂ ရာခိုင်နှုန်းကတော့  ဖွေထိုင်းပါတီက နောက်ဆုံးကျန်တဲ့ ဝန်ကြီးချုပ်လောင်း ချိုင်ကာဆင်နီတီဆီရိကို ရွေးချယ်ခဲ့ကြပါတယ်။

ဖွေထိုင်းပါတီဟာ ရွေးကောက်ပွဲဝင်ကတည်းက ဝန်ကြီးချုပ်လောင်းနေရာ ၃ ယောက် စာရင်းတင်ခဲ့တာဖြစ်ပြီး ဆေထားထဝီးဆင်ဟာ ရာထူးက ဖယ်ရှားခံခဲ့ရပြီးဖြစ်သလို ဖဲထောင်ထန်းရှင်နာဝပ်ဟာလည်း ရာထူးက ဆိုင်းငံ့ခံထားရတဲ့အတွက် ချိုင်ကာဆင်တယောက်ပဲ ကျန်ရှိတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013