DVB Logo
Home
မြန်မာသတင်း
ကရင်နီ O-1 ဆေးရုံက ၆ လအတွင်း လူနာ ၁၆၀၀ ကျော်ကို ကုသပေးခဲ့
DVB
·
July 13, 2025
ကရင်နီ O-1 ဆေးရုံက ၆ လအတွင်း လူနာ ၁၆၀၀ ကျော်ကို ကုသပေးခဲ့
1 / 4
Donate to DVB

ကရင်နီပြည်နယ်တနေရာမှာ ဖွင့်လှစ်ထားတဲ့ O-1 ဆေးရုံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း အတွင်းလူနာ၊ ပြင်ပလူနာ စုစုပေါင်း ၁,၆၅၅ ယောက်ကို ဆေးဝါးကုသပေးခဲ့တယ်လို့ ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အတွင်းလူနာအနေနဲ့ ဖျားနာလူနာ ၁၇၇ ယောက်၊ ခွဲစိတ်လူနာ ၄၃၅ ယောက်၊ မိခင်နဲ့ကလေး လူနာ ၁၅၁ ယောက်ကို ကုသပေးခဲ့ပြီး ဆေးရုံမှာတက်ရောက်ကုသရတဲ့ လူနာတွေထဲက စစ်ကြောင့်ဖြစ်တဲ့ လူနာ ၁၈၇ ယောက်ကို စရိတ်ငြိမ်းကုသပေးခဲ့တယ်လို့ သိရပါတယ်။

ပြင်ပလူနာတွေအနေနဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မတော်တဆထိခိုက်ဒဏ်ရာ စတဲ့ လူနာ ၈၉၂ ယောက်ကိုလည်း ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

O-1ဆေးရုံက အရိုးရောဂါလူနာတွေကို ကုသပေးတဲ့ တာဝန်ခံဆရာဝန်က “အခက်အခဲတွေကတော့ ကုသပေးရတဲ့လူနာနဲ့ ကျန်းမာရေးဝန်ထမ်းမမျှတမှုရယ်၊ တောထဲမှာကုသရတဲ့အတွက် ပညာရပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတချို့ရယ်၊ အကန့်အသတ်ပဲရရှိတဲ့ ဆေးဝါးပစ္စည်းတွေရယ်ပါ။ ရှိတဲ့လူအင်အားရယ် ရှိတဲ့ဆေးဝါးပစ္စည်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကုသပေးပါတယ်ခင်ဗျ။ လူရောစိတ်ရောပင်ပန်းရပါတယ်” လို့ ပြောပါတယ်။

၆ လတာကာလအတွင်း ခွဲစိတ်ကုသမှုပေါင်း ၄၅၉ ခု ပြုလုပ်ပေးနိုင်ခဲ့ပြီး တီဘီလူနာ ၃၃ ယောက်ကို ဆေးဝါးမပြတ်တောက်သွားအောင် စီစဉ်ပေးနိုင်ခဲ့တဲ့အပြင် ငှက်ဖျားလူနာ ၂၁၇ ယောက်ကိုလည်း ကုသပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တက်ရောက်တဲ့လူနာတွေ၊ လူနာစောင့်နဲ့ ဆေးရုံဝန်ထမ်းတွေကို ထမင်း ၃ နပ်ကျွေးနိုင်ခဲ့သလို တိုးချဲ့လူနာဆောင်နဲ့ စစ်မြေပြင်အတွက်အရေးကြီးဆုံးဖြစ်တဲ့ ဗုံးခိုကျင်းတွေလည်း ဆောက်လုပ်နိုင်ခဲ့ပြီး ၆ လတာအတွင်း ဆေးရုံကုန်ကျစရိတ်စုစုပေါင်း သိန်း ၄,၈၅၀ ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013