DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် မိသားစုလိုက် ဓားထိုးခံရပြီး ဖခင်နှင့်သမီး သေဆုံး
DVB
·
July 13, 2025
ဘားအံတွင် မိသားစုလိုက် ဓားထိုးခံရပြီး ဖခင်နှင့်သမီး သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ရေကျော်အောင်မင်္ဂလာလမ်းမှာ ဇူလိုင် ၁၃ ရက် ဒီမနက် ၃ နာရီဝန်းကျင်က မိသားစု ၃ ယောက်ဟာ အိမ်မှာ ဓားနဲ့ထိုးခံရပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။

တရပ်ကွက်တည်းနေ အမျိုးသားတယောက်က နေအိမ်အတွင်းဝင်ရောက်လာပြီး ဓားနဲ့ထိုးတာကြောင့် ဖခင်ဖြစ်သူနဲ့ ၁၆ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

“သတ်သွားတဲ့သူက အဲဒီမိသားစုကို အကြွေးတွေ ပေးစရာရှိနေတယ်။ တခြားရန်ငြိုးရန်စတော့ မရှိပါဘူး။ အဖေနဲ့ သမီးကတော့ ဆုံးသွားပြီ။ အမေကတော့ ဆေးရုံတင်ထားရတယ်။ အသက်မျော့မျော့ပဲ ကျန်တယ်။ ကလေးမလေးကို သူ့အမေက ပြေးလို့ ပြောတာကိုမပြေးဘဲ အမေကို ကာပေးလိုက်တာတဲ့။ မနက် ၃ နာရီလောက်မှပဲဖြစ်တာကို သိကြတာ”

ဓားထိုးခံရတဲ့ အမျိုးသမီးက အခြေအနေစိုးရိမ်ရတာကြောင့် ဘားအံဆေးရုံမှာ လတ်တလော ဆေးကုသမှု ခံယူနေပြီး ဓားနဲ့ထိုးသူကိုတော့ ဘားအံရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“တရားခံကိုက မိသွားပြီ။ အခုရဲစခန်းမှာ စစ်ဆေးနေတုန်းပဲ။ အမှုဖြစ်တဲ့အိမ်နားမှာလည်း အခု အစစ်အဆေးတွေ လုပ်နေကြတယ်။ အခု အဲဒီဘက်ကိုလည်း သွားမရတော့ဘူး”

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ လူသတ်မှု၊ လုယက်မှု ၁,၀၀၀ နီးပါးဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့က ရွှေဆိုင်တဆိုင်ကို သေနတ်သမားတယောက်က ဝင်ရောက်ပစ်ခတ်လို့ အသက် ၇၀ အရွယ် ရွှေဆိုင်ပိုင်ရှင်အမျိုးသား သေဆုံးခဲ့ပါသေးတယ်၊၊

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013