DVB Logo
Home
မြန်မာသတင်း
မြန်မာရွေးကောက်ပွဲ ဦးစားပေးကိစ္စမဟုတ်၊ ငြိမ်းချမ်းရေးကတိ လိုက်နာရန် အာဆီယံတိုက်တွန်း    
DVB
·
July 12, 2025
မြန်မာရွေးကောက်ပွဲ ဦးစားပေးကိစ္စမဟုတ်၊ ငြိမ်းချမ်းရေးကတိ လိုက်နာရန် အာဆီယံတိုက်တွန်း    
Donate to DVB

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က သဘောတူညီခဲ့ပြီး ရွေးကောက်ပွဲအစား ငြိမ်းချမ်းရေး ကတိကဝတ်တွေကို လိုက်နာဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ကြောင်း ဇူလိုင် ၁၁ ရက်မှာ  အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက ပြောကြားလိုက် ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ အချက် ၅ ချက် ပါ အာဆီယံ သဘောတူညီချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ထဲမှာ မြန်မာရွေးကောက်ပွဲကိစ္စ မပါဝင်ထားဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

ရွေးကောက်ပွဲက အချက် ၅ ချက် သဘောတူညီမှုထဲမှာ မရှိထားပေမဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကျင်းပဖို့ စိတ်အားထက်သန်နေတယ်၊ ရွေးကောက်ပွဲကို လက်ရှိဦးစားပေးကိစ္စ မလုပ်ကြဖို့ မြန်မာနိုင်ငံကို တိုက်တွန်းထားပြီး အကြမ်းဖက်မှုနဲ့ ရက်စက်မှုတွေ အားလုံးကို ရပ်တန့်ဖို့ ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ ပြောထားတယ်လို့ ဟာဆန်က ပြောပါတယ်။

“ပါတီအားလုံး ပါဝင်မှုမရှိဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အသုံးမဝင်ပါဘူး။ တစိတ်တပိုင်းလုပ်တဲ့ ရွေးကောက်ပွဲက အကျိုးမရှိဘူး။ အဲဒီလိုလုပ်တာနဲ့ ဘာပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုလုပ်ရင် အခြေအနေကို ပိုဆိုးသွားစေမှာဖြစ်လို့ ဘယ်သူမှလည်း အပြည့်အဝ ကျေနပ်မှာမဟုတ်ဘူး။ သူတို့အတွက် တင်းမာမှုတွေပိုဖြစ်စေပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အာဆီယံနိုင်ငံတွေအတွက်လည်း ပြဿနာတွေ ပိုများလာလိမ့်မယ်။”

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲ နက်နက်ရှိုင်းရှိုင်း ကျရောက်နေဆဲဖြစ်ပြီး ဝေဖန်သူတွေကတော့ အားကောင်းတဲ့ နိုင်ငံရေးအတိုက်အခံ လောက်လောက်လားလား မရှိတဲ့အခြေအနေမှာ စစ်အုပ်စုကကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ သူ့ရဲ့ကြားခံတွေ ကနေတဆင့် စစ်အုပ်ချုပ်ရေးကို သက်တမ်းတိုးဖို့ ကြိုးပမ်းမှုအဖြစ် သရော်ကြပါတယ်။

အာဆီယံဟာ သူ့ရဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေကို လေးစားလိုက်နာဖို့ ပျက်ကွက်တာကြောင့် ၂၀၂၂ ခုနှစ်ကတည်းက  အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် သူ့ရဲ့အဓိကအစည်းအဝေးတွေမှာ မြန်မာစစ်ဗိုလ်ချုပ်တွေကို တက်ရောက်ခွင့်မပေးဘဲ တားမြစ်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက အာဆီယံ အစည်းအဝေးမှာ ပါဝင် တက်ရောက်နေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013