DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်အနီး ရစ်ချ်တာစကေး ၄ အဆင့်ငလျင်လှုပ်
DVB
·
July 12, 2025
ပြင်ဦးလွင်အနီး ရစ်ချ်တာစကေး ၄ အဆင့်ငလျင်လှုပ်
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နားမှာ ဇူလိုင် ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီ ၄၃ မိနစ်လောက်က အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုလှုပ်ခဲ့တာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေနဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီးတော့ ငလျင်အင်အားပမာဏနည်းနည်းကွာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ မန္တလေးမြို့ရဲ့ အ‌ရှေ့မြောက်ဘက် ၅ မိုင်လောက်အကွာမှာ မြေအောက်အနက် ၂၉ ကီလိုမီတာကို ဗဟိုပြုပြီး ၃ ဒသမ ၅ ရစ်ချ်တာစကေးနဲ့ ငလျင်လှုပ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁ ရက် မနေ့ မွန်းလွဲပိုင်း ၃ နာရီ ၄၂ မိနစ်ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့ရဲ့ အနောက်မြောက်ဘက် ၁၇ ကီလိုမီတာအကွာ၊ ညောင်ခြေထောက်မြို့နားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့်ငလျင်တခု၊ ညနေ ၅ နာရီ ၅၉ မိနစ်လောက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၈၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၄ အဆင့် ငလျင်တခုလှုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013