DVB Logo
Home
နိုင်ငံတကာ
အင်္ဂလန်ရှိ နာမည်ကြီး ဈေးဝယ်စင်တာများကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် လူငယ် ၄ ဦး ဖမ်းဆီးခံရ
DVB
·
July 12, 2025
အင်္ဂလန်ရှိ နာမည်ကြီး ဈေးဝယ်စင်တာများကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် လူငယ် ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

Marks & Spencer ၊ Co-op နဲ့ Harrods တို့အပါအဝင် အင်္ဂလန်ရှိ နာမည်ကြီး စျေးဝယ်စင်တာတွေကို ထိခိုက်စေတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ရဲစုံစမ်းမှုတခုအတွင်း လူငယ် ၄ ယောက်က ဖမ်းဆီးခံထားရကြောင်း  ဗြိတိန်အမျိုးသားပြစ်မှုတိုက်ဖျက်ရေးဌာနက ဇူလိုင် ၁၀ ရက်မှာ ကြေညာပါတယ်။

Marks & Spencer မှာ ဆိုက်ဘာတိုက်ခိုက်မှုက အဆိုးရွားဆုံးဖြစ်ပြီး လည်ပတ်မှုအမြတ်ငွေ ပေါင် သန်း ၃၀၀ (ဒေါ်လာ ၄၀၉ သန်း) လောက် ဆုံးရှုံးခဲ့ရတာပါ။

အမျိုးသား ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန (NCA) ဟာ ကြာသပတေးနေ့က အင်္ဂလန်အလယ်ပိုင်းရှိ West Midlands နဲ့ လန်ဒန်တို့မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသား ၂ ယောက်၊  အသက် ၁၇ နှစ်ရှိ အမျိုးသား တယောက်နဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တယောက်တို့ကို လက်ရ ဖမ်းဆီးခဲ့ပြီး သူတို့ဟာ ကွန်ပျူတာ အလွဲသုံးစားမှု အက်ဥပဒေ၊ ခြိမ်းခြောက်ငွေတောင်းခံမှု၊ ငွေမည်းခဝါချမှု၊ ရာဇ၀တ်ဂိုဏ်း လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်မှု သံသယတွေနဲ့ ဖမ်းဆီးထားကြောင်း ပြောပါတယ်။

သူတို့ ၄ ယောက် စလုံးကို  သူတို့ရဲ့ နေရပ်လိပ်စာမှာပဲ ဖမ်းဆီးခဲ့ကာ လတ်တလော ထိန်းသိမ်းထားပြီး  သူတို့ရဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကိုလည်း ဒီဂျစ်တယ်မှုခင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်အတွက် သိမ်းဆည်းခဲ့ကြောင်းလည်း NCA က ဆိုပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013