DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် လူငယ် ၁ ဦးကို PSMS စနစ်ဖြင့် စစ်ကောင်စီ ဖမ်းဆီး
DVB
·
July 12, 2025
ပဲခူးတွင် လူငယ် ၁ ဦးကို PSMS စနစ်ဖြင့် စစ်ကောင်စီ ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်က လူငယ်တယောက်ကို စစ်ကောင်စီက ရန်ကုန်တိုင်း ထောက်ကြန့်အဝင် စစ်ဆေးရေးဂိတ်မှာ PSMS (လူပုဂ္ဂိုလ် စိစစ်စောင့်ကြည့်ရေးစနစ်) သုံးပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်အဲဒီလူငယ်ဟာ မှတ်ပုံတင်စစ်ဆေးရာကနေ ၂၀၂၁ က အကြမ်းဖက်ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူဖြစ်တာကြောင့် ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတယောက်က‌ ပြောပါတယ်။

“လောလောဆယ်တော့ ၅၀၅ နဲ့ ရုံးတင်ထားဆဲပါ။ ထူးဆန်းတာ သူက နယ်လှည့်ပြီး ထီကြီးရောင်းနေတာ ၄ နှစ်ကျော်ပြီ။ အခုကျမှ မှတ်ပုံတင်ကို ကွန်ပြူတာထဲထည့်စစ်ပြီး ဖမ်းခံရတာ။ ဖမ်းခံရတာ ၃ ရက်နေ့ နေ့လယ်ပိုင်းတည်းက။ သူ ၅၀၅ ထုတ်ခံထားရတာလည်း သူမသိဘူး။”

ဖမ်းဆီးထားတဲ့လူငယ်ကို ပဲခူးမြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဲဒီလူငယ်က ၂၀၂၁ ခုနှစ်က ခြေထောက်မှာ ကျည်မှန်ဒဏ်ရာရရှိဖူးလို့ ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူရင်း စစ်တပ်က လာရောက်မေးမြန်းဖူးတယ်လို့ ဆက်ပြောပါတယ်။

“ဒီကောင်လေးက ကြောက်တတ်တယ်။ နိုင်ငံရေးတွေ ဘာတွေ နားလည်တာမဟုတ်ဘူး။ ၂၀၂၁ က ထမင်းချိုင့်သွားပို့ရင်း လမ်းမှာ ကျည်မှန်ဖူးတယ်။ ဆေးရုံရောက်တော့ ဆေးရုံက စစ်တပ်ကို ဆက်သွယ်လို့ တပ်က ကောင်လေးကို သေချာမေးပြီး ပြန်လွှတ်ထားတာ။ အခုမှ အဲဒီအမှုတွေပါ ငြိတာလားဆိုတာ သေချာပြန်လိုက်ရတော့မယ်။”

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီက ထောက်ကြန့်စစ်ဆေးရေးဂိတ်မှာ လူငယ်လူရွယ်နဲ့ မသင်္ကာသူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။

ဒ့ါအပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုမှာလည်း စစ်ကောင်စီက မတ်လကနေ မေလအထိ မြန်မာနိုင်ငံအနှံ့အပြားမှာ PSMS စနစ်နဲ့ လူပေါင်း ၁,၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013