DVB Logo
Home
မြန်မာသတင်း
၂၀၂၅ ပထမ နှစ်ဝက်အတွင်း ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၉၅၀ ရှိ
DVB
·
July 11, 2025
၂၀၂၅ ပထမ နှစ်ဝက်အတွင်း ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၉၅၀ ရှိ
Donate to DVB

၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း အကျဉ်းထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားအယောက် ၉၅၀ အထိ ရှိခဲ့တယ်လို့ မြန်မာအကျဉ်းထောင်သက်သေ Myanmar Prison Witness အဖွဲ့က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီနှစ်အတွင်း ထောင်ပြောင်းရွှေ့မှုတွေမှာ ဇွန်လအတွင်း ထောင်ပြောင်းရွှေ့မှု ၅ ကြိမ်အထိရှိခဲ့ပြီး ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားအရေအတွက် အများဆုံးဖြစ်ပါတယ်။ ဇွန် ၂၀ ရက်နေ့မှာ မုံရွာထောင်က အကျဉ်းသား ၂၀၀ ကို အိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ထောင်ပြောင်းရွှေ့မှုမှာပါတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေက ရိုက်နှက်နှိပ်စက် တိုက်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အကျဉ်းထောင် အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ စည်းလုံးညီညွတ်မှု ပျက်ပြားစေဖို့၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိမှု ခက်ခဲဖို့၊ စိတ်ဓာတ်ကျဆင်းဖို့၊ ထောင်တွင်းလှုပ်ရှားမှုတွေ မဖြစ်ပေါ်စေဖို့နဲ့ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုကို ဖုံးကွယ်ဖို့အတွက် အကျဉ်းသား ၁,၅၀၀ ကနေ ၃,၀၀၀ ဝန်းကျင်ကို နှစ်စဉ် ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ ထောင်ပြောင်းရွှေ့ခံရတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ လမ်းခရီးသွားလာမှု အခက်အခဲအပြင် ငွေကြေးမပြေလည်မှုတွေကြောင့် ထောင်ဝင်စာတွေ့ဖို့နဲ့ ပါဆယ်ပို့ဆောင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာ ထောင်ပြောင်းရွှေ့မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၈၃ ယောက် ပြောင်းရွှေ့ခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်မှာ အကျဉ်းသား ၃,၀၅၄ ယောက် ပြောင်းရွှေ့ခံခဲ့ရပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၁,၈၉၃ ယောက် ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013