DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံအရှေ့ဘက်ခြမ်းတွင် နှစ်ထပ်ကွမ်းစစ်ရှောင်များ ထပ်မံပိတ်မိနေ 
DVB
·
July 10, 2025
ဖယ်ခုံအရှေ့ဘက်ခြမ်းတွင် နှစ်ထပ်ကွမ်းစစ်ရှောင်များ ထပ်မံပိတ်မိနေ 
Donate to DVB

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာလို့ ဖယ်ခုံအရှေ့ဘက်ခြမ်းကို ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေဟာ ဒီရက်ပိုင်းတိုက်ပွဲတွေကြား ထပ်မံပိတ်မိနေလို့ ကယ်ဆယ်ရေးသမားတွေ ကယ်ထုတ်နေရပါတယ်။ 

ပိတ်မိနေတဲ့သူတွေဟာ အင်းထဲကျေးရွာတချို့ကနေ ဖယ်ခုံဘက်ကို စစ်ရှောင်လာတဲ့သူတွေဖြစ်ပြီး ဖယ်ခုံနားပတ်လည်တဝိုက်မှာ တိုက်ပွဲတွေကြောင့် နောက်တခါ ထပ်မံပိတ်မိနေတာပါ။

တော်လှန်ရေးတပ်တွေ တနှစ်ကျော်ကြာထိန်းထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပြန်သိမ်းပြီးတဲ့နောက် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေလို့ ကယ်ဆယ်ရေးပိုင်းမှာ နှောင့်နှေးမှုတွေရှိတယ်လို့ ဖယ်ခုံဘက်ကို ကယ်ဆယ်ရေးဝင်နေတဲ့သူ‌က ဆိုပါတယ်။ 

တိုက်ပွဲတွေကြောင့် လမ်းခရီး မလုံခြုံတာ၊ ဓာတ်ဆီဈေးကြီးနေတာက လတ်တလော ကယ်ဆယ်ရေးရဲ့ အဓိကစိန်ခေါ်မှုတွေဖြစ်ပြီး ကယ်ဆယ်ရေးပိုင်းမှာလည်း လူမလုံလောက်ဘူးလို့ ဖယ်ခုံကယ်ဆယ်ရေးသမားတယောက်က ပြောပါတယ်။

“ကားတွေ ဘာတွေနဲ့ကယ်ပေးနေတယ်။ ဒါပေမဲ့ မလုံလောက်ဘူး၊ ဒီမှာပိတ်မိနေတဲ့ ပြည်သူတွေက နောင်လိန်ဘက်မှာတဲ့။ ထွက်ဖို့ကားတွေလည်း မရှိဘူး၊ ဒီဘက်ကို စစ်ရှောင်တွေ ပြေးဖို့ ထွက်ဖို့ကတော့ အချိန်မှန်းပြီး ထွက်လို့ရတယ်ပေါ့။ ဒါပေမဲ့ တိုက်ပွဲကြားမှာ ထွက်ရမယ်ဆိုတော့ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ဆိုတော့ ထွက်လို့မလွယ်တဲ့သဘောပေါ့။ နောက်ပြီး တချို့ကလည်း ငွေရေးကြေးရေးမတတ်နိုင်တော့ ကယ်ဆယ်ရေးအဖွဲ့ကလည်း ကယ်နေတယ်၊ ဒါပေမဲ့ ကယ်ဆယ်ရေးကလည်း မလုံလောက်ဘူး အဲ့လိုဖြစ်နေတယ်။” 

ပြီးခဲ့လကလည်း ဖယ်ခုံအရှေ့ဘက်ခြမ်းက ဒေသခံ  ၇,၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့ရသေးတယ်လို့ ကရင်နီလူအခွင့်အရေးအဖွဲ့က ထု တ်ပြန်ထားပါသေးတယ်။ 

ဒီတခေါက်မှာတော့ ပိတ်မိနေတဲ့ဦးရေက ထောင် ဂဏန်းလောက်ရှိမယ်လို့ ကယ်ဆယ်ရေးသမားတွေက တွက်ဆထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေးသမား နောက်တယောက်က “ဖယ်ခုံရှေ့ကမ်းထွက်လမ်းက မိုးဗြဲပဲရှိတာ။ မိုးဗြဲကို ရန်သူက အလုံးစုံထိန်းချုပ်သွားရင် လမ်းကြောင်းပိတ်သွားနိုင်တယ်။ သက်ကြီးရွယ်အို ကလေး မိခင် ကိုယ်ဝန်ဆောင်တွေအတွက် မလွယ်ဘူး။ ကယ်တာက တောက်လျှောက် ကယ်ထုတ်နေရတာ။ ဟိုအရင်ကနေ အခုထိ ထွက်ပြေးတိမ်းရှောင်နေရတာ ကျေးရွာ ၁၀ ရွာလောက်ရှိမယ်။ အယောက် ၂၀၀၀ တောင် မကလောက်တော့ဘူး။”

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းမှာ စစ်တပ်က အရပ်သားပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ ကုန်စည် စီးဆင်းတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်တာ၊ အရပ်သားတွေနေထိုင်တဲ့နေရာကို စစ်ဆင်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် အရပ်သားတွေ စစ်မဲ့ဇုန်သတ်မှတ်ပေးဖို့ကိုလည်း ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013