
ယီမင်နိုင်ငံကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တစင်းကို ကြားဖြတ်ဟန့်တားလိုက်တယ်လို့ အစ္စရေးစစ်တပ်က ဇူလိုင် ၁၀ ရက်မှာ ပြောကြားလိုက်ချိန် တဲလ်အဗစ်မြို့မှာတော့ လေကြောင်းတိုက်ခိုက်မှု တပ်လှန့်တဲ့ ဥဩသံတွေ ဆူညံနေပါတယ်။
ယီမင်ရဲ့ လူဦးရေအများဆုံး အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတဲ့ အီရန်နဲ့ မဟာမိတ် ဟူသီတွေက အစ္စရေးကို ပစ်ခတ်ပြီး သင်္ဘောလမ်းကြောင်းတွေကို တိုက်ခိုက်နေတာပါ။
ဟူသီတွေက သူတို့ရဲ့တိုက်ခိုက်မှုတွေဟာ ဂါဇာက ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်တဲ့ လုပ်ရပ်လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် နှောင်းပိုင်းကစပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၇,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ထပ်ပြောပါတယ်။
ဟူသီတွေပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အများစုဟာ ကြားဖြတ် ပစ်ချခံရပါတယ်။ အစ္စရေးကလည်း ဆက်တိုက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
Source: Reuters