DVB Logo
Home
မြန်မာသတင်း
ဇွန်လ မြန်မာ့ဆန်တင်ပို့မှု ဝင်ငွေအနည်းငယ်လျော့ကျ
DVB
·
July 10, 2025
ဇွန်လ မြန်မာ့ဆန်တင်ပို့မှု ဝင်ငွေအနည်းငယ်လျော့ကျ
Donate to DVB

အခုဘဏ္ဍာနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်၊ ဆန်ကွဲတန်ချိန် ၂၁၀,၀၀၀ ကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၁ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မေလအတွင်း ရရှိတဲ့ ဆန်တင်ပို့မှု ဝင်ငွေ ကန်ဒေါ်လာ ၉၁ သန်းနဲ့ နှိုင်းယှဥ်ရင် ဒေါ်လာ သန်း ၂၀ လျော့ကျလာတာ ဖြစ်ပါတယ်။

ဇွန်လအတွင်း တင်ပို့မှုအများဆုံးနိုင်ငံတွေက တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက တန်ချိန် ၂၁၀,၀၀၀ ကျော် ရှိပါတယ်။ နယ်စပ်လမ်းကြောင်းက တင်ပို့မှုကတော့ တန်ချိန် ၂၈၀ ပဲ ရှိပါတယ်။

ဇွန်လအတွင်း ဆန်တင်ပို့မှု အနည်းငယ် ပြန်ကျလာပေမဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူအချိန်နဲ့ နှိုင်းယှဉ်ရင်တော့ ဆန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေဟာ တိုးတက်မှု ရှိခဲ့ပါတယ်။

အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမသုံးလအတွင်း မြန်မာနိုင်ငံဟာ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၆ သိန်းကျော်ထိ တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ၂ ဆနီးပါး တိုးတက်မှု ရှိခဲ့ပါတယ်။

အလားတူ အခုနှစ် သုံးလအတွင်း ဆန်တင်ပို့မှုက ရရှိတဲ့ဝင်ငွေကလည်း မနှစ်က ကာလတူနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ သန်း ၄၀ နီးပါး ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၃ သန်းအထိ တင်ပို့နိုင်ဖို့ လျာထား ဆောင်ရွက်နေတယ်လို့ သိရပြီး အခု ပထမ သုံးလပတ်အတွင်း လျာထားချက်ရဲ့  ၂၀ ရာခိုင်နှုန်း‌အထိ တင်ပို့ထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တခုလုံးမှာ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013