DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ် သုခစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
July 8, 2025
မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ် သုခစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီရဲ့ သုခစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဇူလိုင် ၇ ရက် မနက်ပိုင်းက KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုခစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။

KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “အဲဒီစခန်းကို ကျနော်တို့ ၆ လပိုင်း လကုန်လောက်ကတည်းက စချဉ်းကပ်တယ်။ ၇ လပိုင်း ၇ ရက်နေ့မှာ စတိုက်ပြီး မနက်ပိုင်းအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ ထိုင်းဘက်ကို စကစတပ်သား ၂၄ ယောက် ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုကို နယ်မြေမရှင်းလင်းသေးတာကြောင့် အတိအကျ မသိရသေးဘူးလို့ ပဒိုစောအယ်နားက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ထီးထစခန်း၊ ထီးခီးစခန်း၊ ဗောဓိစခန်းတွေကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၃ လအတွင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ သုခစခန်းကို မြန်မာစစ်တပ်က ၁၉၉၇ ခုနစ်မှာ စတင်ဝင်ရောက် တပ်စွဲခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013