DVB Logo
Home
Lead Story
မြန်မာလေတပ်အတွက် ထောက်ပို့နေသည့် မလေးရှားကုမ္ပဏီများကို စုံစမ်းအရေးယူရန် တောင်းဆို 
DVB
·
October 7, 2026
Photo: JFM
Photo: JFM
Donate to DVB

အစိုးရနဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတွေ အပါအဝင် မလေးရှား ကုမ္ပဏီတချို့ဟာ မြန်မာစစ်အာဏာရှင်တပ်အတွက် တိုက်လေယာဉ်၊ ဒရုန်းအပိုပစ္စည်းတွေ ရောင်းချဖို့နဲ့ ပြုပြင်ထိန်းသိမ်းပေးဖို့ ကြိုးပမ်းနေတယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ကနေ ၂၀၂၆ ခုနှစ်အတွင်း မလေးရှားကုမ္ပဏီ ၃ ခု ဖြစ်တဲ့ FJ Global၊ AAT နဲ့ Skyways Technics Asia  ကုမ္ပဏီတွေဟာ စစ်အုပ်စု လေတပ်နဲ့ လက်နက်ပွဲစားတွေဆီ စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲက FJ Global ကုမ္ပဏီဟာ စစ်အုပ်စုရဲ့ ရုရှားလုပ် တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းရောင်းချဖို့ ကြိုးပမ်းခဲ့ပြီး အဲဒီကုမ္ပဏီဟာ အစိုးရကျောထောက်နောက်ခံပြု PUNB ဆီကနေ ဘဏ္ဍာရေးထောက်ပံ့မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မလေးရှားအစိုးရဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို တရားဝင် ဖိတ်ခေါ်ဧည့်ခံတာနဲ့ အာဆီယံ အစည်းအဝေးတွေဆီ စစ်အုပ်စု ကိုယ်စားလှယ်တွေကို ဖိတ်ကြားတာတွေ လုပ်ဆောင်နေတယ်လို့ JFM က ထောက်ပြထားပါတယ်။

မလေးရှားအစိုးရအနေနဲ့ စစ်အုပ်စုဆီ စစ်ပစ္စည်းတွေ၊ လေယာဉ်အစိတ်အပိုင်းနဲ့ အပိုပစ္စည်းတွေ တင်ပို့နေတာကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ပါဝင်တဲ့ ကုမ္ပဏီတွေကို စုံစမ်းအရေးယူပေးဖို့ JFM က တောင်းဆိုထားပါတယ်။

မြန်မာပြည်သူတွေကို  လူသတ်စစ်တပ်ထံသို့ အဓမ္မ ပြန်လည်ပြည်နှင်ဒဏ်ပေးနေတာ ကို ရပ်ဆိုင်းဖို့ စစ်အာဏာရှင်ကို  တရားဝင်မှုပေးနေတာတွေကို ရပ်တန့်ဖို့လည်း တိုက်တွန်းပါတယ်။

စစ်ဘက်သုံးပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတဲ့ မလေးရှားကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပြီး လိုင်စင်တွေ ချက်ချင်း ရုပ်သိမ်းဆိုင်းငံ့ရဖို့ ဒီလုပ်ငန်းတွေမှာ နိုင်ငံတော်မှ ပိုင်ဆိုင်ထားမှုနဲ့ ဘဏ္ဍာရေး ထောက်ပံ့ပေးထားမှုတွေကိုလည်း စုံစမ်းစစ်ဆေးဖို့ အကြံပြုပါတယ်။

ဒါ့အပြင် ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကလည်း မြန်မာပြည်သူများအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်လာတာကို တုံ့ပြန်နဲ့အနေနဲ့   ဒီကုမ္ပဏီတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013