DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၁၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
July 7, 2025
ကလေးမြို့နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၁၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ် ၁၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဇွန် ၃၀ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ဆီကနေ သိရပါတယ်။

ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အလင်းဝင်လာကြသူတွေ ၁၁ ယောက်လုံးက စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံထားရသူတွေ ဖြစ်ပါတယ်။ ကျနော်တို့ဆီကို အလင်းဝင်ရောက် ခိုလှုံလာတာ တပတ်လောက်ရှိနေပေမဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေကြောင့် နောက်ကျပြီးမှ သတင်းထုတ်ပြန်ရတာပါ” လို့ ပြောပါတယ်။

အဆိုပါ စစ်မှုထမ်းတပ်သားသစ်တွေဟာ MA1 သေနတ် ၆ လက်၊ MA3 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၅ ခု၊ ကျည် ၅၆၂ တောင့်တို့ ယူဆောင် အလင်းဝင်ခဲ့ကြတာလို့ ဆိုပါတယ်။

ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ တာဝန်ရှိသူက “အရင်လလယ်လောက်မှာ ချင်းပြည်နယ်ဘက်ကိုတက်သွားတဲ့ စကစစစ်ကြောင်းကနေ ပြန်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေက စစ်မှုထမ်းအပတ်စဥ် ၄၊ ၆၊ ၇၊ ၈ သင်တန်းဆင်းတွေ။ အဲဒီသင်တန်းတွေ ဆင်းပြီးမှ တပ်ရင်းအသီးသီးကို အပို့ခံရပြီးတော့ ချင်းဘက်ကိုတက်မယ့် စစ်ကြောင်းထဲမှာ ပါလာတာ။ သူတို့တွေ အလင်းဝင်လာတာ စောလို့ပေါ့။ မဟုတ်ရင် ချင်းညီနောင်အဖွဲ့ရဲ့ လက်စာမိပြီး မြေသြဇာဖြစ်နေလောက်ပြီ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဦးရေ ပမာဏ များပြားတဲ့အတွက် ဆုကြေးငွေ ပေးအပ်နိုင်ဖို့ အခက်အခဲတွေ ​ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတ၀န်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူငယ်တွေကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးကာ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတဲ့အတွက် လူငယ်တွေအနေနဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်ကြဖို့နဲ့ အခြေအနေပေးရင်လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဝင်ရောက်ကာ တော်လှန်ရေးမှာ နိုင်ရာတာ၀န်ထမ်းဆောင်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်ကလည်း စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ တပ်ထဲမှာ တပ်သားသစ်အဖြစ် စစ်မှုထမ်းနေရသူ ၆ ယောက်လည်း လက်နက်ခဲယမ်းတွေနဲ့အတူ ကလေးမြို့၊ မြို့ပြပြောက်ကျားစီမံချက် UG အဖွဲ့ဆီကို အလင်းဝင်ရောက်လာခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013