DVB Logo
Home
နိုင်ငံတကာ
ဂီတပညာရှင် ၁,၃၅၃ ဦး ပါဝင်သည့် တယောသံစုံတီးဝိုင်း ကမ္ဘာ့စံချိန်တင်
DVB
·
July 7, 2025
ဂီတပညာရှင် ၁,၃၅၃ ဦး ပါဝင်သည့် တယောသံစုံတီးဝိုင်း ကမ္ဘာ့စံချိန်တင်
Donate to DVB

ဂီတပညာရှင် ၁,၃၅၃ ယောက်ဟာ ဂျာမနီနိုင်ငံ၊ ရက်ကလင်ဟောက်ဇန်မြို့မှာ မိုးရေကို အံတုစုရုံးခဲ့ကြပြီး ကမ္ဘာ့အကြီးဆုံး တယောသံစုံတီးဝိုင်းအဖြစ် ဇူလိုင် ၆ ရက်က စုဝေးတီးခတ် စံချိန်တင်ခဲ့ပါတယ်။

ဂန္ထဝင်ဂီတပညာရှင်ကြီး လုဒ်ဝစ် ဗန်ဘီသိုဗင်ရဲ့ အမှတ် ၉ ဆင်ဖိုနီ နောက်ဆုံးပိုင်းဖြစ်တဲ့ “Ode to Joy” တေးသွားကို တီးခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Ode to Joy ဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ဥရောပသမဂ္ဂသီချင်းလည်း ဖြစ်သလို ဒီလိုအခါသမယမှာ ဂီတက လူတွေကို ချိတ်ဆက်ပေးတယ်ဆိုတဲ့ အယူအဆကို ဖော်ကျူးချင်လို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

အခုစုဝေးမှုဟာ ၂၀၁၈ တုန်းက ဟောင်ကောင်မှာ ဂီတပညာရှင် ၁,၂၀၁ ယောက် စုဝေး တီးခတ်ခဲ့တဲ့ စံချိန်ကို ကျော်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013