DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် ဆောက်လက်စအဆောက်အအုံပြိုကျ၊ အလုပ်သမား ၁၃ ဦး ဒဏ်ရာရ 
DVB
·
July 7, 2025
ဘန်ကောက်တွင် ဆောက်လက်စအဆောက်အအုံပြိုကျ၊ အလုပ်သမား ၁၃ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်၊ မင်ဘူရီနယ်မြေ နိမစ်မိုင် -၆ လမ်းထဲမှာ ဇူလိုင် ၆ ရက် ညက ဆောက်လက်စ အဆောက်အအုံ ပြိုကျပြီး အလုပ်သမား ၁၃ ယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အလုပ်သမား ၁၆၀ ကျော်ဟာ ညဆိုင်းဆင်းနေစဉ် ည ၇ နာရီကျော်မှာ ကွန်ကရစ်လောင်းဖို့ပြင် ဆင်ထားတဲ့ သံငြမ်းစင်ပြိုကျလာခဲ့တယ်၊ အလုပ်သမားတွေ အားလုံးထွက်ပြေးကြသလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း အပျက်အစီးပုံထဲ ပိတ်မိနေသူတွေကို အပူတပြင်း ရှာဖွေကြတယ်။ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက် ရှိပြီး နီးစပ်ရာဆေးရုံတွေဆီ အမြန်ပို့ ဆောင်ပေးခဲ့ပါတယ်။ 

ကယ်ဆယ်ရေးလုပ်ငန်းပြီးတော့ လူတွေပြန်စိစစ်ရာမှာ တစုံတယောက်မှ အထဲမှာကျန်နေတာ မရှိ တော့ဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

အဆိုပါအဆောက်အအုံကြီးဟာ ဘန်ကောက်ရေအရင်းအမြစ်နဲ့ ရေထိန်းသိမ်းဝေငှရေးဌာန အပိုင် ဖြစ်ပြီး ရေသိုလှောင်ဖို့ နောက်ထပ် နှစ်ထပ်တိုက်ကြီးဆောက်လုပ်နေတာပါ။ 

ဧရိယာအတွင်း တည်ဆောက်ရေးစီမံကိန်းထဲမှာ  ရေထုထည် ၇၀,၀၀၀ ကုဗမီတာဆံ့ ရေလှောင် ကန်ကြီး၊ ‌ရေနုတ်မြောင်းနဲ့ ကရိုရင်း (ရေသန့်စင်ဆေး) ပေးဝေသည့်စနစ် စတာတွေပါဝင်တယ်။ အဲဒီ စီမံကိန်းကို လွန်ခဲ့တဲ့  ၂၀၂၃ ခုနှစ် ဇူလိုင်လက စတင်တည်ဆောက်ခဲ့ပြီး ဒီ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်မှာ လုပ်ငန်းပြီးဆုံးရမှာဖြစ်တယ်၊ ဆောက်လုပ်ရေးကာလ ကြာချိန် ရက်ပေါင်း ၇၈၀ ရက်သတ်မှတ်ပြီး  ရန်ပုံငွေ ဘတ်သန်းပေါင်း ၆၉,၀၀၀ အသုံးပြုထားတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ကလည်း  ကျဒူးကျတ်နယ်မြေရှိ အထပ် ၃၀ မြင့် ဆောက်လက်စ ငွေစာရင်းစစ်ရုံးကြီး ပြိုကျသွားလို့ လူပေါင်း ၁၀၀ နီးပါး သေဆုံး/ပျောက်ဆုံးသွားခဲ့ပါတယ်။ 

Source : Thairath / Thai PBS News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013