DVB Logo
Home
နိုင်ငံတကာ
ဒလိုင်းလားမား အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကမ္ဘာတဝန်း ယုံကြည်သူများ ကျင်းပ
DVB
·
July 7, 2025
ဒလိုင်းလားမား အသက် ၉၀ ပြည့် မွေးနေ့ပွဲ ကမ္ဘာတဝန်း ယုံကြည်သူများ ကျင်းပ
Donate to DVB

ကမ္ဘာတဝန်း ဒလိုင်းလားမားကို ယုံကြည်ကိုးကွယ်သူတွေဟာ သူ့ရဲ့ အသက် ၉၀ ပြည့်မွေးကို ဇူလိုင် ၆ ရက်က အိန္ဒိယမြောက်ပိုင်း ဒါရမ်ရှာလာမြို့မှာရှိတဲ့ ဘုရားကျောင်းတကျောင်းမှာ ရောင်စုံအခမ်းအနားတွေနဲ့ ကျင်းပခဲ့ကြပါတယ်။

တိဘက် ဘာသာရေးခေါင်းဆောင်ဟာ နောက်လိုက်တွေနဲ့အတူ ပွဲစဉ်တွေ သီတင်းတပတ်ကြာ ကျင်းပပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ အသက် ၉၀ ပြည့်ခဲ့တာပါ။

သူဟာ တရုတ်ပြည်မကြီးအစိုးရကို ထပ်အံတုရင်း အသက် ၁၃၀ ကျော်ထိ နေပြီးရင် သေဆုံးပြီးတဲ့နောက် လူအဖြစ် ပြန်ဝင်စားဖို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဒလိုင်းလားမားဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သလို ဗုဒ္ဓဘာသာကို ကျော်လွန်ပြီး ကမ္ဘာ့သြဇာအရှိဆုံး ဘာသာရေးခေါင်းဆောင်တွေထဲက တယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒလိုင်းလားမားဟာ နောက်လိုက်တွေက ယုံကြည်ခြင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ ခွဲထွက်ရေးသမားလို့ တရုတ်ပြည်မကြီး အစိုးရက ခေါ်ဆိုထားပါတယ်။

ရိုးရာအဝါရောင်နဲ့ ဝိုင်အနီရောင် ၀တ်စုံကို ၀တ်ထားတဲ့ ဒလိုင်းလားမားဟာ မိုးရွာတဲ့ မနက်ခင်းမှာ အိန္ဒိယတောင်ကုန်းမြို့ငယ်လေး ဒါရမ်ရှာလာမှာ စုဝေးခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော သံဃာတော်တွေနဲ့ နောက်လိုက်တွေရဲ့ အပြုံးနဲ့ လက်အုပ်ချီ ပူဇော်မှုကို ခံယူဖို့ ဘုရားကျောင်းဆီ ရောက်လာခဲ့ပါတယ်။

ဘုန်းတော်ကြီးတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ စင်မြင့်ပေါ်ကို ဖြည်းဖြည်းလျှောက်လာရင်း လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013