DVB Logo
Home
နိုင်ငံတကာ
အမေရိကပါတီ တည်ထောင်လိုက်ပြီဟု အီလွန်မတ်စ်ခ်  ပြော
DVB
·
July 6, 2025
အမေရိကပါတီ တည်ထောင်လိုက်ပြီဟု အီလွန်မတ်စ်ခ်  ပြော
Donate to DVB

အမေရိကပါတီတည်ထောင်ထားတယ်လို့ အီလွန်မတ်စ်ခ်က ဆိုရှယ်မီဒီယာ X မှာ ပို့စ်တင်ထားပါတယ်။ 

ဆိုရှယ်မီဒီယာမှာ အီလွန်မတ်စ်ခ်ရဲ့ follower တွေက နိုင်ငံရေးပါတီအသစ်တခု ဖွဲ့စည်းသင့်လားဆိုတဲ့ မေးခွန်းမေးမြန်းပြီး ၁ ရက်အကြာမှာပဲ အမေရိကပါတီ တည်ထောင်ထားကြောင်း ပြောဆိုခဲ့တာပါ။ 

“ခင်ဗျားတို့ နိုင်ငံရေးပါတီအသစ်တခု လိုချင်တယ်ဆိုရင် ခင်ဗျားတို့ရပါမယ်။ ဖြုန်းတီးမှုနဲ့ လာဘ်စားမှုတွေကြောင့် ကျနော်တို့နိုင်ငံ ငွေကြေးအခက်အခဲဖြစ်ချိန်မှာ ဒီမိုကရေစီ မဟုတ်ဘဲ တပါတီစနစ်နဲ့ နေထိုင်ကြပါတယ်။ ဒီနေ့မှာတော့ ခင်ဗျားတို့ရဲ့ လွတ်လပ်မှုတွေကို ပြန်ယူဆောင်ပေးဖို့ အမေရိကပါတီကို ဖွဲ့စည်းလိုက်ပါပြီ” လို့ အီလွန်မတ်စ်ခ် က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အခွန်ဖြတ်တောက်မှုနဲ့ ငွေသုံးစွဲမှု ဥပဒေကို ဇူလိုင် ၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုင်ငံရေးပါတီအသစ်ထူထောင်ကြောင်း အီလွန်မတ်စ်ခ် က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အီလွန်မတ်စ်ခ် ဟာ ထရမ့်ပ်ရဲ့ ဥပဒေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူတယောက်ဖြစ်ပြီး သူတို့နှစ်ဦးအကြားဆက်ဆံရေးလည်း တင်းမာခဲ့တာတွေ့ရပါတယ်။ 

ထရမ့်ပ်ရဲ့ မဲဆွယ်ကာလမှာ အီလွန်မတ်စ်ခ်က ဒေါ်လာသန်းနဲ့ချီအသုံးပြုခဲ့သလို၊ အစိုးရအကျိုး ထိရောက်မှုဌာနကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ 

ဒါပေမဲ့ အခွန်ဥပဒေနဲ့ပတ်သက်ပြီး နှစ်ဦးကြား သဘောထားကွဲလွဲပြီး ဆက်ဆံရေးဆိုးရွားခဲ့တာပါ။

အဲဒီလို ဆက်ဆံရေးဆိုးရွားပြီးနောက် ထရမ့်ပ်က အီလွန်မတ်စ်ခ် ရဲ့ ကုမ္ပဏီတွေကို လူထုကောင်းကျိုးအတွက် အစိုးရကထောက်ပံ့ပေးနေမှုတွေကို ဖြတ်တောက်ပစ်မယ်လို့ ဒီတစ်ပတ်အစောပိုင်းက ခြိမ်းခြောက်ခဲ့ပါတယ်။ 

အီလွန်မတ်စ်ခ် ကတော့ နိုင်ငံရေးပါတီအသစ်ခု စတင်ထူထောင်မယ်လို့ပြောခဲ့ပြီး အခွန်ဥပဒေကို ထောက်ခံခဲ့တဲ့ အမတ်တွေပြုတ်ကျအောင် ငွေသုံးမယ်လို့ပြောဆိုခဲ့ဖူးပါတယ်။ 

ထရမ့်ပ်နဲ့ အီလွန်မတ်စ်ခ် ရန်ဖြစ်နေတာက ၂၀၂၆ မှာ ပြုလုပ်မယ့် လွှတ်တော်ရွေးကောက်ပွဲ သက်တမ်းတဝက်မှာ ပြန်ပြီးအနိုင်ရမယ့် အခွင့်အရေးထိခိုက်မှာကို ရီပတ်ဘလစ်ကန်တွေက စိုးရိမ်နေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013