DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေး ၄ နှစ်အတွင်း CDF KKG ရဲဘော် ၇၀ ကျော်ကျဆုံး
DVB
·
July 5, 2025
တော်လှန်ရေး ၄ နှစ်အတွင်း CDF KKG ရဲဘော် ၇၀ ကျော်ကျဆုံး
1 / 6
Donate to DVB

DVB

စစ်​တပ်ကအာဏာသိမ်းပြီးနော​က်ပိုင်း ပေါ်ပေါက်လာတဲ့ ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ Chinland Defense Force - Kalay Kabaw Gangaw (CDF KKG) ဟာ တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ရဲဘော် ၇၀ ကျော်ကျဆုံးပြီး ဒဏ်ရာရသူတွေနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသူတွေ ၁၅၀ ကျော်ရှိခဲ့တယ်လို့ CDF KKG ဆီကနေ သိရပါတယ်။

CDF KKG ရဲ့ဗဟိုသတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ ကိုအားမုန် က “၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး​တဲ့နောက်ပိုင်း တော်လှန်ရေးကာလ ၄ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၄၀၀ ကျော်ရှိပြီးတော့ သူတို့ဘက်က အသေအပျောက်တွေများပြီး တပ်စခန်းတချို့နဲ့ စစ်လက်နက်ပစ္စည်းအများအပြားကို ကျနော်တို့ဘက်က သိမ်းယူနိုင်ခဲ့တာရှိသလို တိုက်ပွဲတွေအတွင်း ကျနော်တို့ဆီက ရဲဘော် ၇၃ ယောက် ကျဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူတွေကတော့ ၁၅၀ ကျော်ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

CDF KKG ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက စတင်ခဲ့တဲ့ တော်လှန်ရေးကာလအတွင်း ကလေး-ကဘော်-ဂန့်ဂေါဒေ‌ေအပြင် တခြားဒေသတွေမှာလည်း စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ စတင်ပြင်ဆင်ခဲ့တဲ့ အဓိကစစ်ဆင်ရေး (Major Operation) ကို ၂၀၂၅ နှစ်ဆန်းပိုင်းမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်ခဲ့သလို စစ်ဆင်ရေးအတွင်း ကလေးနဲ့ ဂန့်ဂေါမြို့ကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ အောင်သာယာအရှေ့တပ်စခန်း၊ အောင်သာယာအနောက်တပ်စခန်း၊ မှန်တောတပ်စခန်း၊ ကမ်းပါးနီတပ်စခန်းနဲ့ ကြံသာ ပျူစောထီးကျေးရွာတို့ကို ၂ လတာအတွင်း သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုအားမုန် က “အခုတလောမှာက ကျနော်တို့ဘက်က သိမ်းပိုက်ထားတဲ့ သူတို့အတွက်အ​ရေးပါတဲ့ ကြံသာပျူစောထီးရွာကိုပြန်ရဖို့ ထိုးစစ်ဆင်လာတာတွေလုပ်နေလို့ တိုက်ပွဲကတော့ မကြာခဏဖြစ်နေတယ်။ ကျနော်တို့အတွက် ခက်ခဲနေတာကတော့ ခဲယမ်းပေါ့နော်။ ကျနော်တို့တွေ တောင်းဆိုချင်တာက တော်လှန်ရေးကြီးအမြန်ဆုံးပြီးနိုင်ဖို့ ပြည်သူတွေရဲ့ထောက်ပံ့မှုနဲ့ ပူးပေါင်းပါဝင်မှုက အများကြီးလိုအပ်တယ်။ အဆုံးသတ်နိုင်တော့မယ့် စစ်အာဏာရှင်တော်လှန်ရေးကြီးမှာ ပြည်သူတွေအနေနဲ့ အားမလျော့ဘဲ ဆက်လက်ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းချင်တာပါ” လို့ ဆက်ပြောပါတယ်။

CDF KKG အနေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ပြည်သူလူထုကိုကာကွယ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေကို ဦးညွတ်ဂုဏ်ပြုသလို ကလေး-ကဘော်-ဂန့်ဂေါဒေသကနေ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအထိ အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း CDF KKG ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်တဲ့ ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်ထားတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013