DVB Logo
Home
နိုင်ငံတကာ
TikTok ဝယ်ယူရေး တရုတ်နှင့် ဆွေးနွေးမည်ဟု ထရမ့်ပ်ပြော 
DVB
·
July 5, 2025
TikTok ဝယ်ယူရေး တရုတ်နှင့် ဆွေးနွေးမည်ဟု ထရမ့်ပ်ပြော 
Donate to DVB

TikTok ကို ဝယ်ယူရေးနဲ့ပတ်သက်ပြီး ဇူလိုင် ၇ နဲ့ ၈ ရက် တရက်ရက်မှာ သူကိုယ်တိုင် ဝယ်ယူဖို့ ကိစ္စ စတင်ပြောဆိုမှာဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ 

ထရမ့်ပ်ဟာ လေယာဉ်ပေါ်ကို မတက်မီ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန်က TikTok ကို ဝယ်ယူဖို့ နီးစပ်နေပြီလို့ ပြောဆိုခဲ့တာပါ။

“ကျနော်တို့ အရောင်းအဝယ်ဖြစ်ဖို့ တော်တော်နီးစပ်နေပါပြီ။ အခု ကျနော်တို့ သွားပြီး မေးမြန်းဖို့ပဲ လုပ်ရမှာပါ။ TikTok ဝယ်ယူမှုကို လာမယ့် တနင်္ဂလာနဲ့ အင်္ဂါ တရက်ရက် ဖြစ်မှာပါ။ သမ္မတရှီဒါမှမဟုတ် သူ့ရဲ့ ကိုယ်စားလှယ်နဲ့ဖြစ်ဖြစ် ဆွေးနွေးရမှာပါ။ ဒါပေမဲ့ ကျနော်တို့ TikTok ကို ဝယ်ယူဖို့ နီးစပ်နေပါပြီ။ ဒီဝယ်ယူမှုက တရုတ်အစိုးရဆီက ခွင့်ပြုချက်ယူရမယ်လို့လည်း ထင်ပါတယ်။ ခွင့်ပြုချက်ယူရတာ မယူရတာတော့ သေချာ မပြောနိုင်သေးပါဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။ 

ထရမ့်ပ်ဟာ ပြီးခဲ့တဲ့လက TikTok သုံးစွဲမှုကို  စက်တင်ဘာ ၁၇ ရက်အထိ တိုးမြှင့်ပေးထားပါတယ်။

ဒါ့အပြင် ထရမ့်ပ်က တရုတ်သမ္မတရှီကျင့်ဖျင်ထံ သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်းနဲ့ ရှီကလည်း အမေရိကန်ကို လာရောက်လည်ပတ်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။ 

ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့လက ဖုန်းခေါ်ဆိုခဲ့ဖူးပြီး အပြန်အလှန် အလည် အပတ်ခရီးလာရောက်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013