DVB Logo
Home
မြန်မာသတင်း
တောင်ကြီးက လူငယ်အချို့ဖမ်းဆီးခံရပြီး အစအနပျောက်နေ
DVB
·
July 5, 2025
တောင်ကြီးက လူငယ်အချို့ဖမ်းဆီးခံရပြီး အစအနပျောက်နေ
Donate to DVB

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်က လူငယ် ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး အခုလက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ဘယ်မှာရှိနေလဲဆိုတာ မသိဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဇူလိုင် ၂ ရက် နေ့လယ်အချိန်က ကံသာရပ်ကွက်၊ ဆီစက်ကုန်းနားမှာရှိနေတဲ့ လူငယ် ၅ ယောက်ကို အရပ်ဝတ်၊ မူးယစ်ရဲနဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက မူးယစ်ဆေးမိသလိုလိုနဲ့ ဖမ်းဆီးသွားခဲ့ပြီး ဇူလိုင် ၅ ရက်နေ့အထိ အဆက်အသွယ်မရဘူးလို့ ပြောပါတယ်။

ဖမ်းခံရသူတယောက်ရဲ့ မိတ်ဆွေက “သူတို့အိမ်ကသူတွေက ဘယ်ကိုဖမ်းသွားလဲဆိုပြီးလိုက်တာ။ အမှတ် ၁ (ရဲစခန်း)မှာရော ၂ မှာရောမရှိဘူး။ ရပ်ကွက်ရုံးမှာလည်းမရှိ၊ ဘယ်ကိုဖမ်းသွားလဲ သတင်းလည်းမေးမရနဲ့ ခေါင်းမီးတောက်နေကြပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက  အမှတ် ၁ ရဲစခန်း၊ အမှတ် ၂ ရဲစခန်း၊ ရပ်ကွက်ရုံးတွေမှာ လိုက်ရှာပေမယ့် ဘယ်မှာဘယ်လိုရှိနေမှန်းမသိရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ထဲမှာလည်း အရပ်ဝတ်၊ မူးယစ်ရဲ၊ ရွှေတောင်ရပ်ကွက် နယ်ထိန်း၊ စစ်တပ်သတင်းပေးတွေက ကံသာရပ်ကွက်ထဲမှာရှိတဲ့ အလှပြင်ဆိုင်ထဲကိုဝင်ပြီး LGBT ဆိုင်ရှင်နဲ့ သူ့သူငယ်ချင်းကို မူးယစ်ဆေးဝါးမိတယ်လို့ စွပ်စွဲဖမ်းဆီးသွားခဲ့တယ်လို့ ကံသာရပ်ကွက်နေသူတယောက်က ပြောပါတယ်

ဖမ်းဆီးခံရသူနှစ်ယောက်ဟာ မူးယစ်ဆေးဝါးသုံးစွဲတာမရှိပေမယ့် စစ်တပ်သတင်းပေးတွေက  အမှုဆင်လုပ်စားကြတာကြောင့် အခုလက်ရှိမှာတော့ တရားရုံးမှာမူးယစ်ဆေးမှုနဲ့ အမှုတင်ခံထားရတယ်လို့ ရပ်ကွက်သားတွေက ပြောပါတယ်။

ကံသာရပ်ကွက်ထဲက ပရဟိတ လူမှုကူညီရေးအသင်းတခုဟာလည်း ပျူစောထီးခေါင်းဆောင်တွေဖြစ်ပြီး ညဘက်တွေမှာ လက်နက်တကားကားနဲ့ပတ်သွားနေသလို စစ်သားတွေကိုလည်း ကားပေါ်ခေါ်တင် လျှောက်သွားတာတွေရှိတယ်လို့ သိရပါတယ်။

စဝ်စံထွန်းရပ်ကွက် နယ်မြေ ၆ မှာလည်း ပြီးခဲ့တဲ့ ဇွန်လဒုတိယအပတ်က လူငယ် ၁၀ ယောက်လောက်ကို ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းဆီးသွားရာကနေ ၁၀ ရက်လောက် အဆက်အသွယ်ပြတ်သွားပြီးနောက် ဟိုပုံးကိုရောက်ပြီး စစ်မှုထမ်းထဲ ပါသွားတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013