
ကရင်နီပြည်နယ်ရဲ့ အဓိက ကုန်လမ်းကြောင်းတွေဖြစ်တဲ့ ဒေသတွေမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ မေလနဲ့ ဇွန် ၂ လတာအတွင်းမှာ ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံ မိသားစု ၇,၀၀၀ လောက် ထပ်မံရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ကရင်နီ လူအခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO/PNA ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းပြီး အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ဖယ်ခုံအရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် အခုလို ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာလို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ကုန်းလမ်းကြောင်းတွေ ပိတ်ထားရတဲ့အတွက် ကုန်စျေးနှုန်းနဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပြီး ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အကျပ်အတည်းကို ပိုပြီး ရင်ဆိုင်လာနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လက်ရှိမှာ တိုက်ပွဲတွေကြောင့် ထပ်ပြီး နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ၊ အမိုးအကာတွေနဲ့ အိမ်သာတွေ အရေးတကြီး လိုအပ်နေပါတယ်။
ကေခိုင်