DVB Logo
Home
မြန်မာသတင်း
စက်ရုံအချို့ ညလုံးပေါက် အချိန်ပိုခေါ်နေသဖြင့် အလုပ်သမားများ ကျန်းမာရေး ထိခိုက်နေ
DVB
·
July 5, 2025
စက်ရုံအချို့ ညလုံးပေါက် အချိန်ပိုခေါ်နေသဖြင့် အလုပ်သမားများ ကျန်းမာရေး ထိခိုက်နေ
1 / 2
Donate to DVB

ရန်ကုန်မြို့က စက်ရုံတချို့မှာ ညလုံးပေါက် အချိန်ပိုဆက်တိုက်ခေါ်နေတာကြောင့် အလုပ်သမားတွေ အလုပ်ပင်ပန်းပြီး ကျန်းမာရေးထိခိုက်တာတွေ ရှိနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

စက်ရုံတချို့က လုပ်ငန်းလိုအပ်ချက်ကြောင့်ဆိုပြီး အချိန်ပို အတင်းအကျပ်ဆင်းခိုင်းကာ ငြင်းဆန်ရင် အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက် ခိုင်းစေနေတာမျိုး ရှိနေတာလို့ ဆိုပါတယ်။

ထန်းတပင်မြို့နယ်မှာ ဖွင့်ထားတဲ့ Poly Clothing အထည်ချုပ်စက်ရုံက ညလုံးပေါက် အချိန်ပိုကို ရက်ခြားခေါ်နေလို့ အလုပ်သမားတချို့ ကျန်းမာရေးထိခိုက်မူတွေရှိနေကာ နေမကောင်းလို့ အလုပ်မဆင်းရင် ရက်မှန်ကြေးနဲ့ ဂရိတ်ကြေးဖြတ်တာ၊ အချိန်ပိုမဆင်းရင် နောက်နေ့ အလုပ်မလာဖို့ ခြိမ်းခြောက်ဖိအားပေးတာမျိုးလုပ်နေတယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။

Poly Clothing စက်ရုံလုပ်သားတယောက်က “ကျမနေမကောင်းဘူး။ ဒါပေမဲ့ ဒီနေ့ အောလင်း(မိုးလင်းပေါက်)ဆင်းရတယ်။ မပြန်ရဲဘူး၊ မတိုင်ရဲဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်က S&S အထည်ချုပ်စက်ရုံမှာလည်း မိုးလင်းပေါက် အချိန်ပိုဆင်းရလို့ ကျန်းမာရေးထိခိုက်မှာ အလုပ်သမားတွေ စိုးရိမ်နေကြတယ်လို့ STUM က ဆိုပါတယ်။

အင်းစိန်မြို့နယ်က GCF စက်ရုံနဲ့ Golden Colour အထည်ချုပ်စက်ရုံတို့မှာလည်း ညလုံးပေါက် အချိန်ပိုဆင်းခိုင်းတာတွေရှိနေလို့ အလုပ်သမားတွေက အကူအညီတောင်းထားတယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီလို အလုပ်သမားရဲ့ ဆန္ဒမပါဘဲ အချိန်ပို မတန်တဆခေါ်ယူစေခိုင်းတာကို ဥရောပက နာမည်ကြီးအမှတ်တံဆိပ် အထည်ချုပ်နေတဲ့ စက်ရုံတွေကပါ လုပ်လာကြတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ စက်မှု၊ လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတယောက်က ပြောပါတယ်။

"Brand တွေအနေနဲ့ ဒီလိုအဓမ္မခိုင်းစေတဲ့ လုပ်ရပ်တွေကို တားဆီးပေးဖို့ ပျက်ကွက်နေတာတွေ့ရတယ်။”

အဲဒီလိုညအလုပ်သမားရဲ့ ဆန္ဒမပါဘဲ ခြိမ်းခြောက်ဖိအားပေးပြီး အချိန်ပိုခိုင်းတာဟာ အဓမ္မခိုင်းစေမှု မြောက်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဏာသိမ်းပြီးနောက်မှာ အဓမ္မခိုင်းစေမှုနဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်တွေကို ချိုးဖောက်ကျူးလွန်နေလို့ ILO က ပုဒ်မ ၃၃ နဲ့  ဒဏ်ခတ်အရေးယူဖို့ ဇွန် ၅ ရက်က ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် ညလုံးပေါက် အချိန်ပိုရက်ဆက် ခေါ်ယူစေခိုင်းတာဟာ အလုပ်သမားဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေကို ချိုးဖောက်ကျူးလွန်တာလို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေ က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ အလုပ်သမားတယောက်ရဲ့ တရက်အလုပ်ချိန်က ၈ နာရီဖြစ်ပြီး တပတ်ကို ၄၈ နာရီဘဲ လုပ်ခွင့်ရှိကာ တနင်္ဂနွေက ပိတ်ရက်ဖြစ်ပါတယ်။

လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုခေါ်မယ်ဆိုရင် တရက် ၄န ာရီနဲ့ တပတ်နာရီ ၂၀ ပိုခွင့်မရှိသလို အလုပ်သမားက သဘောတူလက်ခံမှ ခေါ်ယူစေခိုင်းခွင့်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013